26 C
Yangon

ရွှေဘိုတွင် မိုင်းရှာရန် လာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၇ ဦးသေဆုံး၊ ပခုက္ကူနှင့်ပေါင်းတည်တွင် စစ်ယာဥ်တန်းနှင့် စစ်သားများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

ရွှေဘိုတွင် မိုင်းရှာရန် လာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၇ ဦးသေဆုံး၊ ပခုက္ကူနှင့်ပေါင်းတည်တွင် စစ်ယာဥ်တန်းနှင့် စစ်သားများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ မေ ၁၂

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် မိုင်းရှင်းလင်းရေး လုပ်ရန် ထွက်လာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ ၇ ဦး သေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF) တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် တည်သီးတော၊ ညောင်ကိုင်း၊ ဇီးဖြူကုန်းရွာမှ မိုင်းရှင်းလင်းရန် ထွက်သည့် စစ်သား၊ ရဲနှင့် ပျူစောထီးများ ပါဝင်သည့် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ရဲ ၂ ဦး၊ ပျူစောထီး ၅ ဦး ပွဲချင်းပြီး သေဆုံးသွားကာ ထိခိုက် ဒဏ်ရာရရှိသော စစ်သားများကို ကားဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

” သေတဲ့ ၇ ကောင်မှာ ၂ ကောင်က ရဲခွေး၊ နောက် ၅ ကောင်က ပျူခွေးပါ စစ်ခွေးတွေလည်း ဒဏ်ရာ အများအပြားရပြီး ကားပေါ်ကို တင်ခေါ်သွားပါတယ်” ဟု ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF) တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF) အဖွဲ့နှင့် အတူ ဗိုလ်ဂျပန်ကြီး (😭.T) – SHWEBO LPDF၊ DOG KILLER SHWEBO-LPDF၊ တောင်သူကြီးများအဖွဲ့- LDF၊ မတစ်ထောင် (တစ်ကောင်ဘွား)- ဒီပဲယင်း အဖွဲ့ ၊ရွှေဘိုမြို့နယ် တိုက်နယ်-၂ မဟာမိတ်ရဲဘော်များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ယနေ့ မေလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ပခုက္ကူမှ ပေါက်သို့ ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ် ယဉ်တန်းကို ပခုက္ကူမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ရေပြာ မှ ပခုက္ကူသို့ ပြန်လာသည့် ရိက္ခာကား များကိုလည်း ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ရိက္ခာကားတစ်စီး ပျက်စီးသွားကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – PPDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြိုနယ်၊ ကျောက်တံခါးကျေးရွာအုပ်စု၊ ဘန်ဘွေးကန်ရွာတွင် တပ်စွဲထား သော အကြမ်းဖက်စစ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကင်းသမားတစ်ဦး သေဆုံးခဲ့ကြောင်း Bago Region PDF တပ်ဖွဲ့ထံမှ သိရသည်။

မေလ ၁၀ ရက် ညနေ ၄ နာရီခွဲခန့်က ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးဝင်ရောက်ပြီး ဘန့်ဘွေးကန်ရွာ၌ တပ်စွဲကာ ကင်းစောင့်နေသော အကြမ်းဖက်စစ်သားများကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၃ (ပေါင်းတည်မြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ PPDF) နှင့် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ တို ပူးပေါင်း ပြီး ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးနေရာမှာပင် ပွဲချင်းပြီး သေဆုံးပြီး ယင်း သေဆုံးစစ်သားကို ယမန်နေ့ မေလ ၁၁ ရက်နေ့က ၎င်းရွာအနီး၌ မီးရှို့ သင်္ဂြိုလ်ခဲ့ကြောင်း သိရ သည်။

အလားတူ မေလ ၁၀ ရက် ည ၇ နာရီ မိနစ် ၄၀ ကပေါင်းတည်မြိုနယ်၊ ကျောက်တံခါး‌ကျေးရွာ အုပ်စု၊ ရုပ်ဆိုင်ရွာ၏ အရှေ့ဘက်တွင် ကင်းပုန်း ဝပ်နေသော အကြမ်းဖက်စစ်‌သားများကို ပြည်ခရိုင် PDF တပ် ရင်း ၃၆၀၁၊ တပ်ခွဲ၂ Tiger တပ်ဖွဲ (ပေါင်းတည်မြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ PPDF)က လက်လုပ် ၆၀ မမ ဗုံးသီး (၂)လုံး၊ M79ဖြင့် (၁)ချက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှု ရှိ/မရှိကို ဆက်လက်အ တည်ပြု စုံစမ်းလျက်ရှိကြောင်း၊ တိုက်ခိုက်မှု နှစ်ကြိမ်စလုံးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များမှာ ဘေးအန္တရာယ်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article