တောင်ကိုရီးယားနိုင်ငံ၊ ဂွန်ဂျူးလေးမြို့တွင် နွေဦးတော်လှန်ရေး ရန်ပုံငွေ ဘောလုံး ပြိုင်ပွဲ ကျင်းပ
ရန်ကုန်၊ မေ ၁၄
တောင်ကိုရီးယားနိုင်ငံ၊ ဂွန်ဂျူးလေးမြို့တွင် We Love Mother Land -Korea မှ ဦးဆောင်ကာ နွေဦးတော်လှန်ရေး ရန်ပုံငွေ ဘောလုံး ပြိုင်ပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ဒယ်ဂူးမြို့ နွေဦး တော်လှန်ရေး ဦးဆောင် ဆရာတော် ဒယ်ဂူး ဘုန်းဘုန်း၊ အမျိုးသား ညီညွတ်ရေးအစိုးရ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း၊ MFDMC ထောက်ပို့အဖွဲ့ ဥက္ကဋ္ဌ ကိုဇော်မိုးအောင်၊ONE DAY challenge ထောက်ပို့အဖွဲ့ မကေသွယ်အောင်၊ဆရာမ မရွှေမိုး၊ ပွဲတာဝန်ခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒယ်ဂူး ဆရာတော်မှလည်း နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်ဖို့ တစ်ဦး တစ်ယောက်စီတိုင်း အင်းတိုက်အားတိုက် ပါဝင်ကာ ရန်ပုံငွေရရှိရေးသည် တော်လှန်ရေးအောင်မြင်ဖို့ အဓိကအချက်ဖြစ်ပြီး များများထောက်ပို့ရင်မြန်မြန်အောင်ပွဲရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။