29 C
Yangon

စစ်တွေမြို့ကို မုန်တိုင်း ဖြတ်သန်းပြီးသည်အထိ အဆက်အသွယ်အားလုံးပြတ်တောက်နေ၊ အိမ်အလုံးလိုက် မုန်တိုင်းဒီရေနှင့်မျှောပါမှုတချို့ရှိပြီး မြို့အပျက် အစီး အလွန်ကြီးမားဟုဆို

Must read

စစ်တွေမြို့ကို မုန်တိုင်း ဖြတ်သန်းပြီးသည်အထိ အဆက်အသွယ်အားလုံးပြတ်တောက်နေ၊ အိမ်အလုံးလိုက် မုန်တိုင်းဒီရေနှင့်မျှောပါမှုတချို့ရှိပြီး မြို့အပျက် အစီး အလွန်ကြီးမားဟုဆို

■ မန္တလေးတွင် ယခုညပိုင်း လေပြင်းများ စတင်တိုက်ခတ်နေ

ရန်ကုန်၊ မေ ၁၄

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ယနေ့ မိုခါ ဆိုင်ကလုန်း မုန်တိုင်း ဖြတ်သန်းသွားအပြီး အဆက်အသွယ်အားလုံး ပြတ်တောက်နေကြောင်း၊ မိသားစု ဆွေမျိုးရှိသူများမှာ အလွန်စိုးရိမ်နေကြရကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“နောက်ဆုံး ဖုန်းရလိုက်တာက ပင်လယ်ရေတွေက အရမ်းဝင်လာတော့ ရေစီးသန်တယ်။ ခနော်နီခနော်နဲ့ အိမ်ငယ်လေးတွေ အလုံးလိုက် မျှောသွားတယ်ပြောတယ်။ ပထမ အော်ရီဒူးဖုန်းရသေးတယ်။ နောက်တော့ အော်ရီဒူးဖုန်းလည်း မရတော့ဘူးဖြစ်သွားတာ။ ဖုန်းရလိုက်တဲ့အချိန်တုန်းကတော့ ဒီနေ့ ညနေပိုင်းမှာ ဖုန်းရလိုက်တာ။ ရေတွေက ၄ ပေကျော်လောက်အထိ တက်လာတယ်။ အဲဒီလောက်ပဲ သိလိုက်ရတယ်” ဟု စစ်တွေမြို့တွင် ဆွေမျိုးများရှိနေသူ ရန်ကုန်မြို့ခံတစ်ဦးက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် စစ်တွေမြို့ခံများနှင့်အဆက်အသွယ်ရရှိရေး ဆက်လက်ကြိုးစားနေပြီး နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်ကမူ စစ်တွေမြို့၏ အပျက်အစီး အလွန်ကြီးမားကြောင်း၊ ပြန်လည် ထူထောင်ရန် အစည်းအဝေးများ ဆက်တိုက် လုပ်နေသည်ဟု သိရှိရကြောင်း ပြောဆိုသည်။

ထို့ပြင် ယနေ့ ည ၁၁ နာရီခွဲအချိန် မန္တလေးတွင် လေပြင်းများ ဆက်တိုက် တိုက်ခတ်နေကြောင်း မန္တလေးဒေသခံများက ပြောဆိုသည်။

“မန္တလေးမှာ လေတွေ တအားကို ပြင်းတယ်။ တိုက်တာ။ အရမ်းကို ကြမ်းနေတာ။ ဆောင့်ဆောင့်ပြီး လေတွေက တိုက်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article