ယင်းမာပင်မြို့နယ်ရှိ ရေဘေးသင့် ပြည်သူများကို စားသောက်ကုန် ပစ္စည်းများ လှူဒါန်း
ရန်ကုန်၊ ဇွန် ၄
ယင်းမာပင်မြို့နယ်ရှိ ကျေးရွာ ၄ ရွာမှ ရေဘေးသင့် ပြည်သူများကို ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်နှင့် ပြည်သူမှ ပြည်သူသို့ ပရဟိတအဖွဲ့တို့ ပူးပေါင်းကာ ယနေ့ ဇွန်လ ၄ ရက်နေ့တွင် စားသောက်ကုန် ပစ္စည်းများ လှူဒါန်း ခဲ့ကြောင်း သိရသည်။