24 C
Yangon

ရွှေဘို၊ တည်သီးတောရွာရှိ ဘန်ကာ ဆောက်နေသော ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

ရွှေဘို၊ တည်သီးတောရွာရှိ ဘန်ကာ ဆောက်နေသော ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောရွာရှိ ဘန်ကာ ဆောက်လုပ်နေသော ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၈ ရက်နေ့တွင် ညနေ ၅ နာရီ ၅၀ မိနစ်ခန့်တွင် တည်သီးတောရွာ၌ ဘန်ကာ ဆောက်လုပ်နေသော ပျူစောထီးများကို ဒရုန်းဖြင့် ၆၀ မမ ဗုံးသီး ၁ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး ည ၁၀ နာရီ ၄၃ မိနစ်ခန့်တွင် ၆၀ မမ ဗုံးသီး ၂ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး ၃ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

” ဆက်လက်ပြီးတော့ ပြည်သူတွေကို ဒုက္ခ အမျိုးမျိုးပေးနေတဲ့ စစ်ခွေး၊ ရဲခွေး၊ ပျူခွေးနဲ့ စစ်ခွေး ထောက်တိုင်များကို တိုက်ခိုက် ချေမှုန်းသွားမယ်” ဟု ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF) အဖွဲ့နှင့်အတူ၊ ဗိုလ်ဂျပန်ကြီး – SHWEBO LPDF၊ Golden Eagle – ZBG (LPDF)၊ DOG KILLER SHWEBO-LPDF၊ တောင်သူကြီးများအဖွဲ့- LDF၊ ရွှေဘိုမြို့နယ် တိုက်နယ်-၂ မဟာမိတ်ညီနောင်များမှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article