29 C
Yangon

သရက်ချောင်းမြို့နယ်၊ ရငဲရွာအနီး တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ရွာကို မီးတင်ရှို့နေ

Must read

သရက်ချောင်းမြို့နယ်၊ ရငဲရွာအနီး တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ရွာကို မီးတင်ရှို့နေ

ရန်ကုန်၊ ဇွန် ၁၁

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာအနီး တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ရွာကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး တပ်ဖွဲ့များက ပြောဆိုသည်။

ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် သရက်ချောင်းမြို့နယ်၊ ရငဲရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အကြမ်းဖက် စစ် တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က ရငဲရွာလည်လမ်းဆုံအနီးရှိ နေအိမ် ၁ လုံး၊ ကျေးရွာစာသင်ကျောင်းနှင့် မျက်နှာချင်းဆိုင်ရှိ လက်ဖက်ရည်ဆိုင်တို့ကို ယနေ့ မွန်းလွဲပိုင်းတွင် စစ်တပ်က မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ရွာလည်လမ်းဆုံ အရှေ့ဘက်ခြမ်းရှိ နေအိမ်များကို စစ်သားများက ထုဖွင့်ပြီး အဖိုးတန် ပစ္စည်းများကို ရှာဖွေခိုးယူလျက်ရှိကြောင်း၊ ရွာအတွင်း၌လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်များ ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ယနေ့ မွန်းလွဲ ၂ နာရီခန့်မှ စတင်ပြီး ရငဲရွာ ဘောလုံးကွင်းဟောင်း ဘုန်းကြိီးပျံကွင်းအနီးတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားပြီး တိုက်ပွဲ ပြင်းထန်လျက်ရှိကြောင်း သိရသည်။

လက်ရှိချိန်တွင် ရငဲရွာ ပြည်သူများသည် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရပြီး ပြေးလွှားနိုင်ခြင်း မရှိသော သက်ကြီး ရွယ်အို အနည်းစုက ရွာထဲ၌ ကျန်ရှိနေဆဲဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article