32.3 C
Yangon

ချမ်းအေးသာဇံမြို့နယ်တွင် ယာဉ်ထိန်းရဲလိုင်းခန်းနှင့် အာမခံရုံးကို ဗုံးပစ်တိုက်ခိုက်မှု ကားတစ်စီးပျက်စီး

Must read

ချမ်းအေးသာဇံမြို့နယ်တွင် ယာဉ်ထိန်းရဲလိုင်းခန်းနှင့် အာမခံရုံးကို ဗုံးပစ်တိုက်ခိုက်မှု ကားတစ်စီးပျက်စီး

ရန်ကုန်၊ ဇွန် ၁၁

မန္တလေးတိုင်း၊ ချမ်းအေးသာဇံမြို့နယ်အတွင်းရှိ ယာဉ်ထိန်းရဲလိုင်းခန်းနှင့် အကြမ်းဖက်စစ်တပ်လက် အောက်ခံ ထောက်တိုင် မြန်မာ့အာမခံလုပ်ငန်းရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defense Force- NMD တပ်ဖွဲ့မှ တာဝန်ခံ Zeus က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြား သည်။

ယမန်နေ့ ဇွန်လ ၁၀ ရက် ည ၈ နာရီခန့်အချိန် အောင်မြေသာစံမြို့နယ်၊ ၁၈ လမ်း၊ ၈၂ လမ်း နှင့် ၈၃ လမ်း ကြားရှိ ယာဉ်ထိန်းလိုင်းခန်း No More Dictatorship People Defense Force _ NMD အဖွဲ့က လက်ပစ် ဗုံးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်သား၊ ရဲများမှ အနီးအနားရပ်ကွက်များအတွင်းသို့ ဓာတ်မီးများထိုးကာ လိုက်လံရှာဖွေပေးခဲ့ကြောင်း သိရသည်။

“ဘဲဥ လိုင်းခန်းမှာက လူထိခိုက်မှုမရှိဘူးကြားတယ်ဗျ၊ အာမခံရုံးကတော့ စကစဘက်တော်သား ကား တစ်စီးပျက်စီးတယ်၊ လက်လုပ်မဟုတ်ဘူး၊ ဗုံးအစစ်နဲ့ ပစ်ခဲ့တာ၊ ကျနော်တို့ အရင်လက မစ်ရှင် ၉ ခုဖော် ဆောင်ခဲ့ပါတယ်၊ ၂ ခုကတော့ Error တက်တယ်၊ ဒီလတော့ ၂ ခုရှိပြီ၊ မစ်ရှင်တစ်ခါဖော်ဆောင်ရင် ဆီဖိုး၊ နေစရိတ်၊ စားစရိတ် အစစအရာရာ တာဝန်ယူရပါတယ်၊ ကျနော်တို့မှာ ထောက်ပံ့မှု မရှိရင် နောက်မစ်ရှင်တွေ ဖော်ဆောင်ဖို့ မလွယ်လို့ NMD Page ကနေ စိတ်ချ ယုံကြည်စွာ ဆက်သွယ်လှူဒါန်းကူညီပေးကြပါဦးလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု No More Dictatorship People Defense Force- NMD တပ်ဖွဲ့မှ တာဝန်ခံ Zeus က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြား သည်။

အလားတူ ဇွန်လ ၁၀ ရက် ညနေ ၄ နာရီ ခန့်ကချမ်းအေးသာစံမြို့နယ်၊ ၆၃ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်း ကြားရှိ မြန်မာ့အာမခံရုံး လက်ပစ်ဗုံးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရုံးအ‌ဆောက် အဦနှင့် ရုံးအ တွင်း ရပ်ထားသော အကြမ်းဖက်စစ်တပ် ထောက်တိုင် ဝန်ထမ်း၏ ကားတစ်စီးထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ကညနရုံးကို တိုက်ခိုက်ရခြင်းမှာ ယာဉ်လိုင်စင်သက်တမ်းတိုးရာတွင် အရေးပါသောရုံးဖြစ်ကာ အကြမ်း ဖက် စစ်ကောင်စီအတွက် အခွန်ငွေ အဓိက ရှာပေးနေသော ရုံးတစ်ရုံး ဖြစ်သဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း၊ ယာဉ်ထိန်းရုံးကို တိုက်ခိုက်ရခြင်းမှာ လမ်းပေါ်တွင် ပြည်သူများထံမှ အကြောင်းမရှိ အ ကြောင်း ရှာကာ ငွေညစ်ရာတွင် အဓိက လုပ်ဆောင်နေသဖြင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း No More Dictatorship People Defense Force- NMD တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- မန္တလေးတွင် ယမန်နှစ် စစ်တပ် ဗုံးတွေ့ရှိ၍ ဖောက်ခွဲဖျက်ဆီးမှု မြင်ကွင်း။(ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article