29 C
Yangon

ဆားလင်းကြီး၊ ညောင်ပင်ကြီးကျေးရွာအုပ်စုရှိ ရွာများကို စစ်တပ်က ၃ ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများပြား

Must read

ဆားလင်းကြီး၊ ညောင်ပင်ကြီးကျေးရွာအုပ်စုရှိ ရွာများကို စစ်တပ်က ၃ ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများပြား

ရန်ကုန်၊ ဇွန် ၁၁

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောပင်ကြီးကျေးရွာအုပ်စုရှိ ရွာများကို စစ်တပ်က ၃ ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများပြားကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၁၁ ရက်နေ့ နံနက် ၉ နာရီခန့်နှင့် မွန်းလွဲ ၂ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ညောင်ပင်ကြီးအုပ်စု သုံးဆူကျောင်းရှိနေအိမ်များကို ၂ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ညောင်ပင်ကြီးအုပ်စုရှိ ရွာများကို ဇွန်လ ၁၀ ရက်နေ့တွင် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင် ၁ ကြိမ်၊ နံနက် ၉ နာရီခန့်တွင် ၁ ကြိမ်နှင့် နံနက် ၆ နာရီ ၂၀ မိနစ်ခန့်၌ ၁ ကြိမ် ၃ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အလားတူ ဇွန်လ ၉ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်ကလည်း ညောင်ပင်ကြီးရွာ ၃ ရပ်ကွက်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ညောင်ပင်ကြီးအုပ်စုမှာရှိတဲ့ ဘုရားသုံးဆူ၊ သိမ်တော်၊ ထန်းတော၊ အမှတ် ၃ အဲဒီ နေရာတွေကို ရှို့နေတာ ညောင်ပင်ကြီးကို ကွက်ကျားရှို့နေတာ။ မနက် ၉ နာရီက တစ်ကြိမ် အခု ၂ နာရီက တစ်ကြိမ်။ ဒီနေ့တင် ၂ ကြိမ် ရှို့တာပေါ့။ ပျက်စီးဆုံးရှုံးမှုများနိုင်တယ်” ဟု အညာပစ်တိုင်းထောင်လေးများ အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် ညောင်ပင်ကြီးကျေးရွာအုပ်စုနှင့် အနီးအနားရှိ ကျေးရွာ ၁၀ ရွာကျော်က ပြည်သူ ၁၀၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာ လိုအပ်လျက်ရှိကြောင်း သိရသည်။

Photo – အညာပစ်တိုင်းထောင်လေးများအဖွဲ့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article