26 C
Yangon

မဘိမ်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူ များပြားသောကြောင့် ရွှေတုန်းရွာကို စစ်တပ်က ရွာလုံးကျွတ် မီးတင်ရှို့နေပြီး ပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးထား

Must read

မဘိမ်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူ များပြားသောကြောင့် ရွှေတုန်းရွာကို စစ်တပ်က ရွာလုံးကျွတ် မီးတင်ရှို့နေပြီး ပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးထား

ရန်ကုန်၊ ဇွန် ၁၁

ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားသောကြောင့် ရွှေတုန်းရွာကို စစ်တပ်က ရွာလုံးကျွတ် မီးတင်ရှို့နေပြီး ပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးထား ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၁၁ ရက်နေ့မွန်းလွဲပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က မဘိမ်းမြို့နယ်၊ ရွှေတုန်းရွာကို အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ ထို့ပြင် တိုက်လေယာဥ် ပစ်ကူများပါ ရောက်ရှိလာပြီး ကျေးရွာနေ ပြည်သူများကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးထားသောကြောင့် PDF တပ်ဖွဲ့များက ကျေးရွာအတွင်းမှ ဆုတ်ခွာပေးခဲ့ရကြောင်း သိရသည်။

ရွှေတုန်းရွာအတွင်းမှ PDF တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာချိန်တွင် စစ်တပ်က ရွာအတွင်း ဝင်ရောက်ခဲ့ပြီး မွန်းလွဲ ၄ နာရီကျော်က စတင်ကာ လက်ရှိချိန်ထိ ရွှေတုန်းရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း၊ အကြမ်းဖက် စစ်တပ်က ရွှေတုန်းရွာ အတွင်း၌ တပ်စွဲထားပြီး ကျေးရွာနေ ပြည်သူများကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း သိရသည်။

” စစ်ခွေးတွေက ပြည်သူတွေကို ဓားစာခံတွေ ဖမ်းထားလို့ ရွာဘက်က လူတွေက ဓားစာခံတွေ ထိမှာမို့ ရွာကို ဝင်ခွင့်ပေးမိလိုက်တာ လူအင်အားလဲ မမျှဘူးလေ ကိုယ့်ဘက်က လူတွေက တခြားဘက်ကို စစ်ကူရောက်နေချိန် သူတို့ ဘက်က တက်ခဲ့တာ ပထမအကြိမ်မှာ သူတို့ဘက်က လူတွေ တော်တော်အထိနာခဲ့တယ်။ စစ်တပ်ဘက်က ဗျူဟာမှူးနဲ့ စစ်ခွေး ၂၀ ကျော်လောက်ကျတယ်။ ပြည်သူ ၇ ဦးကို ဓားစာခံဖမ်းထားတယ်လို့သိရတယ်။ ရွှေတုန်းရွာကို ၄ နာရီခွဲ လောက်ကတည်းက စရှို့နေတာ မီးကတော်တော်များတယ်။ ရွာလုံးကျွတ် နီးပါးကိုရှို့နေတာ” ဟု ပြည်သူ တစ်ဦးက ​ပြောဆိုသည်။

လက်ရှိချိန်တွင် အပြန်အလှည့် ပစ်ခတ်မှုများ ထပ်မံ ဖြစ်ပွားလျက်ရှိပြီး ယနေ့ ညပိုင်း၌ တိုက်ပွဲထပ်မံဖြစ်ပွားနိုင်ကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article