26 C
Yangon

သရက်ချောင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၈ ဦးသေဆုံး၊ ကနက်သီရိရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူများကို ဖမ်းဆီးထား

Must read

သရက်ချောင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၈ ဦးသေဆုံး၊ ကနက်သီရိရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူများကို ဖမ်းဆီးထား

ရန်ကုန်၊ ဇွန် ၁၀

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၈ ဦးသေဆုံးကြောင်း ဒေသပြည်သူများနှင့် ကာကွယ်ရေး တပ်ဖွဲ့များက ပြောဆိုသည်။

ဇွန်လ ၈ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် သရက်ချောင်းမြို့နယ် ကမြိုင်ရွာ သံတံတားအနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အင်းအား ၃၀ ပါ အကြမ်းဖက် စစ်တပ်တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး စ​စ်သား ၅ ဦးပွဲချင်းပြီး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသော စစ်သားများနှင့် ကျန်ရှိသော စစ်သားများ ကျွဲမင်းကုန်းရွာကို ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။

ကျွဲမင်းကုန်းရွာတွင် ရောက်ရှိနေသော စစ်သားများသည် ကနက်သီရိရွာကို ထွက်ခွာရန် ပြုလုပ်စဥ် တိုက်ပွဲထပ်မံဖြစ်ပွားပြီး စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦးနှင့် တပ်သား ၂ ဦး ကျည်ထိမှန်ခဲ့ကြောင်း၊ ကျည်ထိမှန်သည့် ဗိုလ်ကြီးသည် ကနက်သီရိရွာ ဘုန်းကြီးကျောင်း တစ်ကျောင်းတွင် တစ်ညအိပ် တပ်စွဲပြီးနောက် ဆေးကုသမှု ခံယူစဥ် သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ထိခိုက်ဒဏ်ရာရှိခဲ့သည့် စစ်သား ၂ ဦးလည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းတွက် ကနက်သီရိရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်း တို့ ဖမ်းဆီးထားသည့် ပြည်သူများကို လူသားဒိုင်း ပြုလုပ်ကာ ထွက်ပေါက်ရှာစဥ် တိုက်ပွဲဖြစ်ပွားပြီး စစ်သားများ ရွာထဲကို ဝင်ရောက်သွားကြောင်း သိရသည်။

ယနေ့ ဇွန်လ ၁၀ ရက်နေ့တွင် ကျေးရွာထဲရှိ အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကယ်ထုတ်ရန် စစ်တပ်က ကုန်းလမ်း၊ ရေလမ်းဖြင့် ပစ်ခတ် တိုက်ခိုက်နေပြီး စစ်သင်္ဘောများပေါ်က လက်နက်ကြီးများဖြင့် ကျေးရွာ အနီးတစ်ဝိုက်ကို ပစ်ခတ်နေကာ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မင်းဒပ်၊ သီကုန်၊ ဝဲရစ်၊ ကမြိုင်၊ ရငဲ၊ ကျွဲမင်းကုန်း၊ ကျောက်ခမှောက်နှင့် ကနက်သီရိရွာများရှိ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

” ဒီနေ့ စစ်ခွေးတွေက ကနက်သီရိရွာကို ပတ်မွှေပြီး ရွာထဲမှ ရှိသမျှ အကုန်ခိုးနေတယ်။ ပြည်သူပိုင် နေအိမ်တွေထဲက ရွှေတွေနဲ့ ပိုက်ဆံများကို စစ်သားတွေ အဓိကခိုးနေတယ်။ ရွာထဲမှာ ပိတ်မိနေတဲ့ စစ်ခွေးတွေကို ကယ်ထုတ်ဖို့ ရေတပ်ကော ကုန်းကြောင်းကောက လက်နက်ကြီးတွေနဲ့ တောက်လျောက်ပစ်ကူပေးနေတယ်။ ကာကွယ်ရေး တပ်ဖွဲ့တွေကလည်း တောက်လျောက် ခုခံ တိုက်ခိုက်နေတော့ တိုက်ပွဲက ပိုပြင်းထန်လာတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article