28 C
Yangon

စစ်ကိုင်းမြို့နယ်၊ ရုန်းပင်ရွာမှ နေအိမ် ၅၀ ကျော်အပါအဝင် စစ်ဘေးရှောင်တဲများကိုပါ စစ်တပ်က မီးရှို့ဖျက်ဆီးကာ တန်ဖိုးရှိ ပစ္စည်းများ လုယက်ခိုးယူနေ

Must read

စစ်ကိုင်းမြို့နယ်၊ ရုန်းပင်ရွာမှ နေအိမ် ၅၀ ကျော်အပါအဝင် စစ်ဘေးရှောင်တဲများကိုပါ စစ်တပ်က မီးရှို့ဖျက်ဆီးကာ တန်ဖိုးရှိ ပစ္စည်းများ လုယက်ခိုးယူနေ

ရန်ကုန်၊ ဇွန် ၁၃

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသော အကြမ်း ဖက် စစ်တပ်က ရုံးပင်ကျေး ရွာမှ နေအိမ် ၅၀ ကျော်အပါအဝင် လမ်းကြောင်းတလျှောက်ရှိ နေအိမ်များ၊ စစ်ဘေးရှောင်တဲများကို မီးရှို့ဖျက်ဆီးပြီး တန်ဖိုးရှိပစ္စည်းများကို မွှေနှောက်ခိုးယူဖျက်ဆီးသွားကြောင်း ကျောက်ဆည်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (KS PDF Local) တပ်ဖွဲ့ ခေါင်းဆောင် ကိုလေးကေက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံ သို့ပြောကြားသည်။

ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်း ဝက်လက်မြို့နယ်ဘက်မှ ဝင်ရောက်လာသော စစ်ကြောင်းက စစ်ကိုင်း မြို့နယ်၊ ပဒူကျေးရွာအတွင်းအထိုင်ချတပ်စွဲထားသော စစ်တပ်နှင့်ပူးပေါင်းသွားပြီး ကြခတ် ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းခုခံတိုက်ခိုက်ခဲ့ရာ စစ်တပ် အထိနာပြီး ရုန်းပင်ကျေးရွာတစ်ရွာလုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ ထို့ပြင် ကုန်းကြီးရွာမှ ဓမ္မာရုံအပါအဝင် နေအိမ် ၁၀ လုံးကျော်၊ ရွာသစ်ရွာအနီးရှိ စစ်ဘေးရှောင်တဲများ၊ ယာခင်းစောင့်တဲများ၊ မိုးသောက် ကျေး ရွာမှ စစ်ဘေးရှောင်တဲ ၂၅ လုံးကျော်တို့ကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

“ရုံးပင်ရွာက ၅၀ ကျော်လောက်ရှိတယ်၊ ပြောရရင် မီးမလောင်ပဲကျန်တာဆိုလို့ ၅ လုံးပဲကျန်တယ်၊ ကုန်း ကြီး ရွာက ဓမ္မာရုံအပါအဝင် အိမ် ၁၀လုံး ကျော်တယ်၊ ရွာသစ်ရွာမှာ မီးရှို့စရာမရှိတော့ဘူး။ အရင်တုန်းက သူတို့ ရှို့ပြီးသွားပြီ၊ ရွာရဲ့အပြင်ဘက်မှာ တောတဲတွေရှိတယ်၊ စစ်ဘေးရှောင်တွေ နေကြတာ၊ စစ်ဘေးရှောင် တွေနေတဲ့ ဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ဝင်ပြီးတော့ စစ်ဘေးရှောင်တဲတွေ အကုန် မီးရှို့သွားတယ်၊ စစ်ဘေးရှောင်တွေ စားသောက်ဖို့ထားတဲ့ ဆန်တို့၊ ဆီတို့ဘာတို့အကုန်ယူသွားတာ၊ မိုး သောက်ရွာကလည်းအတူတူပဲ အကုန်မီးရှို့ ခံထားရတာ၊ ကုန်းကြီးရွာကလည်း အကုန်မီးရှို့ခံထားရ တာ၊ ကျန်တဲ့လက်ကျန်အိမ်တွေပါ ဖြတ်သွားတယ်၊ အရင်ကကျန်တဲ့ ၁၀ လုံးကျော်ပါ မီးရှို့သွားတာ၊ မိုး သောက်က ရှို့စရာမရှိဘူး၊ မရှိတော့ ရွာအထွက်မှာရှိ စစ်ဘေးရှောင်နေတဲ့ တဲတွေ၊ စခန်းတွေကို မီးရှို့ သွား တာ၊” ဟု ကျောက်ဆည်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (KS PDF Local) တပ်ဖွဲ့ ခေါင်းဆောင် ကိုလေးကေက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံ သို့ပြောကြား သည်။

စစ်တပ်စစ်ကြောင်းကို ကျောက်ဆည်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (KS PDF Local) တပ်ဖွဲ့၊ ကျေးရွာ ပကဖ ၅ ဖွဲ့တို့ ပူးပေါင်းကာ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးများဖြင့် လိုက်လံတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကြောင်းမှာ အုန်းတောကျေးရွာဘက်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း၊ တိုက်ပွဲဖြစ် ခဲ့ သည် မှာ ၂ ရက်ကျော်ကြာမြင့်ခဲ့ပြီး ထပ်မံဝင်ရောက်လာမည့် စစ်ကြောင်းကို ခုခံတိုက်ခိုက်နိုင်ရန် ကျည်၊ ခဲယမ်းများလိုအပ်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article