30 C
Yangon

ရေးမြို့၊ ထီးမေဘောတံတားအနီး အိမ်စီးကားဖြင့် လိုက်ပါလာသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

ရေးမြို့၊ ထီးမေဘောတံတားအနီး အိမ်စီးကားဖြင့် လိုက်ပါလာသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၅

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ထီးမေဘောတံတားအနီး အိမ်စီးကားဖြင့် လိုက်ပါလာသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဒုစစ်ဆင်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ရေးမြို့နယ်ဘက်မှ မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းမကြီးအတိုင်း အိမ်စီးကား အသုံးပြုပြီး လိုက်ပါလာသည့် စစ်သားများကို နှင်းစုံရွာနှင့် စံပြရွာ အကြားရှိ ထီးမေဘောတံတားအနီး KNLA တပ်ရင်း ၂၇၊ ခွဲ ၃ တပ်စုက စောင့်ကြိုပစ်ခတ် တိုက်ခိုက်ရာ ကား ၂ စီး ထိုးရပ်သွားပြီး စစ်သား ၂ ဦးသေကာ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းဘသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့က မော်လမြိုင်-ထားဝယ်-မြိတ် အမှတ် ၈ လမ်းပိုင်းကို သွားလာမည့် ကားများအနေဖြင့် စစ်တပ်၏ လက်နက်ခဲယမ်း အပါအဝင် စစ်အင်အားတိုးချဲ့သည့် လူနှင့် ပစ္စည်းများ သယ်ဆောင်လာလျှင် စစ်ဆေး တွေ့ရှိမှုပေါ်မူတည်ပြီး အရေးယူမည်ဟု KNLA တပ်ရင်း ၂၇ က ကြေညာချက်တစ်စောင် ထုတ်ပြန်ထားကြောင်း သိရှိရသည်။

မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းပိုင်းများတွင် သွားလာမည့် မော်တော်ယာဉ်များအနေဖြင့် KNLA တပ်ဖွဲ့ဝင်များ စစ်ဆေးသည့် အခါ ကြည်ဖြူစွာ လက်ခံရန်၊ စစ်ကောင်စီနှင့် ပတ်သက်သည့် လူများ၊ ပစ္စည်းများ တင်ဆောင်လာခြင်း မပြုလုပ်ရန်၊ ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် အတူ ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းခြင်း မပြုလုပ်ကြရန်၊ အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့်လည်း ယာဉ်များကို ကြည်ဖြူစွာအစစ်ဆေးခံရန် ထုတ်ပြန်ထားသည်။

ယင်းသို့ အမိန့်စာထုတ်ပြန်ရခြင်းသည် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များသည် ခရီးသွား ပြည်သူများကို အကာကွယ်ယူပြီး သွားလာခြင်း၊ အင်အားဖြည့်တင်းခြင်းများ ပြုလုပ်နေခြင်းကြောင့် ဖြစ်ကြောင်း၊ ထို အမိန့်စာသည် ယနေ့ ဇွန်လ ၁၅ ရက်နေ့တွင် စတင် အသက်ဝင်ပြီဖြစ်ပြီး အတူတကွ ပူးပေါင်းဆောင်ရွက်ပေးကြရန် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဒုစစ်ဆင်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article