33 C
Yangon

ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမပေါ် စစ်ကြောင်း ထိုးလာသည့် စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

Must read

ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမပေါ် စစ်ကြောင်း ထိုးလာသည့် စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၁၅

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမပေါ် စစ်ကြောင်း ထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဇွန်လ ၁၃ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမခြေရင်း ရွှေလေးကြိုးဝိုင်း သစ်ဖြူချောင်းနားကို စစ်ကြောင်းထိုးလာသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်ဘက်မှလည်း လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး စခန်းဟောင်းနေရာတစ်ခုကို မီးရှို့သွားကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင် PDF တပ်ရင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၆၀၁ PPDF တပ်ရင်းနှင့် ပြည်ခရိုင် PDF တပ်ရင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၃၆၀၂ PDF တပ်ရင်းတို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article