အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုက စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဇွန် ၁၅
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုက ယနေ့ ဇွန်လ ၁၅ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “သွေးမအေးနဲ့ သွေးမကွဲနဲ့ စိတ်ဓါတ်မယိုင်နဲ့ မြဲမြံကြံ့ခိုင်တဲ့ စိတ်ဓါတ်နဲ့ ပန်းတိုင်ထိ အတူချီတက်ကြမယ်” ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။