Khit Thit သတင်းဌာန၏ ဇွန် ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၁၇ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ကလေးဝမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ရဲစစ်ကြောင်းကို PDF တပ်ဖွဲ့တွေကနေ ကြားဖြတ် တိုက်ခိုက်ရာမှာ အမှတ် ၁၁ လုံထိန်း ရဲတပ်ဖွဲ့ဝင် ၄၁ ဦးသေသွားပြီးတော့ အယောက် ၄၀ကျော် ပျောက်ဆုံးနေတယ်လို့ စစ်တပ်သတင်းရင်းမြစ်တွေက အတည်ပြု ပြောထားပါတယ်။
– ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့မှာ ဇွန်လ ၁၆ ရက်နေ့ မနက်ပိုင်းကစပြီး တိုက်ပွဲ ပြင်းထန်ခဲ့ရာမှာ အကြမ်းဖက် စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေသွားပြီး ၊ တော်လှန်ရေး ရဲဘော် ၆ ဦးလည်း ဒဏ်ရာ ရထားတယ်လို့ မိုးဗြဲ PDF၊ ရွှေလင်းယုန်တပ်ခွဲ ကနေ တရားဝင်ထုတ် ပြန်ထားပါတယ်။
– ထိုင်းအိမ်စောင့်အစိုးရက မြန်မာ့အရေး ဆွေးနွေးပွဲအတွက် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားပြီး အလျှင်စလို ကျင်းပမှုအပေါ် လက်ရှိ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်က ဝေဖန်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။