33 C
Yangon

ရွှေဘို-ကျောက်မြောင်း လမ်း​ပိုင်းတွင် စစ်တပ် စစ်ကြောင်းကို အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု ထိခိုက် သေဆုံးသူ များပြား

Must read

ရွှေဘို-ကျောက်မြောင်း လမ်း​ပိုင်းတွင် စစ်တပ် စစ်ကြောင်းကို အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု ထိခိုက် သေဆုံးသူ များပြား

ရန်ကုန်၊ ဇွန် ၁၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းတွင် ကင်းပုန်းဝပ်ရန် လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Burma Rangers အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် အင်အား ၈၀ ဝန်းကျင်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျောက်မြောင်းမှ ရွှေဘိုဘက်သို့ ထွက်လာစဥ် တအုံကျေးရွာနှင့် အုံးပေါက်ကျေးရွာ အကြား၌ နံနက် ၆ နာရီခန့်တွင် မိုင်း အလုံးရေ ၂၆ လုံးဖြင့် ၅ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့​ရာ စစ်သား ၁၆ ဦး သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာပြင်းထန်သည့် စစ်သားများကို ရွှေဘိုဘက်မှ လူနာတင်ကား ၄ စီးဖြင့် လာရောက်သယ်ဆောင်သွားကြောင်း၊ သေဆုံးသွားသော စစ်သား အလောင်းများကို တအုံရွာ အရှေ့ဘက် တောတဲများအတွင်းထည့်၍ မီးရှို့ထားခဲ့ကြောင်း သိရှိရသည်။

“၂ ရက်ခြား တစ်ခါ ၃ ရက်ခြား တစ်ခါ ပုံမှန်ပဲ ။ ကင်းပုန်းဝပ်ကြတယ်။ ကြိုတင်မိုင်းထောင်ထားတာပါ။ သူတို့ ပြန်ပစ်တာတော့ အတော်ပြန်ပစ်ပါတယ်။ ရဲဘော်တွေ တစ်ယောက်မှ မထိပါဘူးဗျ” ဟု Burma Rangers မှ တာဝန်ရှိသူမှ ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်သားများသည် တအုံကျေးရွာအတွင်း ဝင်ရောက်ခဲ့ပြီး စစ်သား ၂၃ ဦးသည် လမ်းမအတိုင်း ရွှေဘိုဘက်သို့ ထွက်လာစဥ် သန်း‌ထိုက်အောင် စက်သုံးဆီဆိုင်အနီးတွင် မိုင်း ၆ လုံးဖြင့် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဝင် ၄ ဦး အပြင်းအထန်ဒဏ်ရာရရှိပြီး ၁ ဦး သေဆုံးခဲ့ကြောင်း၊ ယင်းစစ်သားများသည် မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် မင်းကျောင်းကျေးရွာမှ ရွှေဘို တက္ကသိုလ်ဂိတ်ပေါက်သို့ ဝင်ရောက်သွားကြောင်းသိရသည်။

ညနေ ၃ နာရီ ၃၀ မိနစ်တွင် ရွှေဘို တက္ကသိုလ်ဂိတ်ပေါက်မှ အင်အား ၄၀ ခန့်ပါ စစ်တပ် စစ်ကြောင်းသည် ရွှေဘို-ကျောက်မြောင်း လမ်းအတိုင်း ပြန်လည်ထွက်လာစဥ် သန်းထိုက်အောင် စက်သုံးဆီဆိုင်နှင့် ရွှေမိ စက်သုံးဆီဆိုင်အကြားတွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်သား ၈ ဦး ပွဲချင်းပြီး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိိခဲ့ကာ Faw ကားနှင့် ရွှေဘိုဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။

မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် ကျန်ရှိ စစ်သားများသည် ရွှေဘို ကြက်မွေးမြူရေး ဇုန်အတွင်းသို့ ဝင်ရောက်သွားကာ FAW ကားအဖြူဖြင့် ကျောက်မြောင်းဘက်သို့ ထွက်လာချိန် တအုံကျေးရွာ အရှေ့ဘက် သန်း‌ထိုက်အောင်ဆီဆိုင်နှင့် ရွှေမိစက်သုံးဆီဆိုင်အနီး၌ ထပ်မံမိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၉ ဦးခန့် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Burma Rangers မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများကို Burma Rangers (ShweBo) နှင့် SBDF – 1 ၊ BurmaRangers (ShweBo),X-Force LPDF,God Hand LPDF နှင့် Rangers Armyတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article