33 C
Yangon

အကြမ်းဖက် စစ်ကောင်စီကို ဖိတ်ကြား၍ မြန်မာ့အရေး ဆွေးနွေးပွဲ ဦးဆောင် ကျင်းပသည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ပြည်တွင်းပြည်ပ မြန်မာ အရပ် ဘက် အဖွဲ့ ၃၁၆ ခုက ပြင်းထန်စွာ ရှုတ်ချ

Must read

အကြမ်းဖက် စစ်ကောင်စီကို ဖိတ်ကြား၍ မြန်မာ့အရေး ဆွေးနွေးပွဲ ဦးဆောင် ကျင်းပသည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ပြည်တွင်းပြည်ပ မြန်မာ အရပ် ဘက် အဖွဲ့ ၃၁၆ ခုက ပြင်းထန်စွာ ရှုတ်ချ

■ အာဆီယံဘုံသဘောတူညီချက်၊ ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်သော မြန်မာ့အရေး ဆွေးနွေးပွဲ ချက်ချင်းဖျက်သိမ်းရန် တောင်းဆို

ရန်ကုန်၊ ဇွန် ၁၈

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ယနေ့ စတင်ကျင်းပရန် စီစဉ်ထားသော တရား မဝင် မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်မည့် မြန်မာ့အရေး ဆွေးနွေးပွဲ နှင့် ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပသည့် ထိုင်းနိုင်ငံ၊ အိမ်စောင့် အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ကို ပြည်တွင်းပြည်ပ မြန်မာ အရပ်ဘက်အဖွဲ့ ၃၁၆ ခုက ပြင်းထန်စွာ ရှုတ်ချကြောင်း ယနေ့ အိတ်ဖွင့်ပေးစာ ပေးပို့သည်။

ထိုင်းနိုင်ငံ၊ အိမ်စောင့်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က မြန်မာ့ အရေးဆွေးနွေးပွဲ Track 1.5 ကို အာဆီယံနိုင်ငံများနှင့် မြန်မာ စစ် ကောင်စီ၊ နိုင်ငံခြားရေးဝန်ကြီးတို့ကို ဖိတ်ကြား၍ ဇွန်လ ၁၈ ရက်နေ့နှင့် ဇွန်လ ၁၉ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည်။ သို့ရာတွင် အာဆီယံ ဥက္ကဋ္ဌ အင်ဒို နီးရှားနိုင်ငံ၊ အာဆီယံအဖွဲ့ဝင် စင်ကာပူနိုင်ငံအပါအဝင် နိုင်ငံတချို့က မတက် ရောက် ဟု တုံ့ပြန်လိုက်ကြသည်။

ပြည်တွင်းပြည်ပ မြန်မာအရပ်ဘက်အဖွဲ့ ၃၁၆ ခုက ထိုင်းနိုင်ငံ၊ အိမ်စောင့်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai၏ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ် ချ လိုက်သည့်အပြင် ယနေ့ စတင်ကျင်းပရန် စီစဉ်နေသည့် မြန်မာ့အရေး အစည်း အဝေးကို ဖျက်သိမ်းရန် တောင်းဆိုသည်။

ထိုင်းနိုင်ငံ၏ လုပ်ရပ်သည် မြန်မာစစ်တပ်၏ တနိုင်ငံလုံးအပေါ် အကြမ်းဖက် စစ်ဆင်ရေးများ နှစ်ရှည်လများ ဆင်နွှဲကာ အာဏာ ဆက်လက်ဆုပ်ကိုင်ရန် ကြိုးပမ်းနေမှုကို ဆန့်ကျင်တွန်းလှန်ရင်း အသက်စတေးခဲ့ကြရသည့် မြန်မာ ပြည်သူများ အား လုံးလုံး လျားလျား စော်ကားလိုက်ခြင်းပင် ဖြစ်ကြောင်း၊ စစ်ကောင်စီသည် မည်သည့်အခါကမှ မြန်မာနိုင်ငံ၏ တရားဝင်အစိုးရ မဟုတ် သလို နိုင်ငံ၏နယ်မြေများကို ထိထိရောက်ရောက် ချုပ်ကိုင် အုပ်ချုပ် နိုင်ခြင်းလည်း မရှိဟု အရပ်ဘက်အဖွဲ့များက ထောက်ပြ ပြောဆိုသည်။

ရာထူးမှ နှုတ်ထွက်ရတော့မည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ လျှို့ဝှက်လုပ် ဆောင် မှုသည် အဆင့်မြင့် အစည်းအဝေးများတွင် မြန်မာစစ်ကောင်စီအား ဖိတ်ကြားခြင်း မပြုသည့် အာဆီယံ၏ သဘောတူညီချက်နှင့် ပြောင်ပြောင် တင်းတင်းပင် ဆန့်ကျင်နေကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများထံပေးပို့သည့် ဖိတ်ကြားစာတွင် နိုင်ငံခြားရေး ဝန်ကြီး ဒွန် ၏ “အာဆီယံနိုင်ငံများအနေနှင့် မြန်မာနိုင်ငံကို ခေါင်းဆောင်ပိုင်းအဆင့် အပြည့်အ၀ ပြန်လည် ဆက်ဆံသင့် သည်” ဟု ဖော်ပြထားမှုအပေါ် ပြင်းထန်စွာဒေါသထွက်မိကြောင်း အရပ်ဘက် အဖွဲ့များက ပြင်းပြင်းထန်ထန်တုံ့ပြန်ထားသည်။

ထိုင်းနိုင်ငံ၏ ဆုံးဖြတ်ချက်မျိုးကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက မည်သည့် အခါက မှ သဘောတူခဲ့ခြင်း မရှိဘဲ လက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှား အစိုးရကလည်း မြန်မာ့ အရေး အစည်းအဝေး ကျင်းပရန် စေ့ဆော်လုပ် ဆောင်ခဲ့ ခြင်းမရှိခဲ့ကြောင်း၊ ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရသည် ဤအစည်း အဝေးအား ခေါ်ယူကျင်းပပိုင်ခွင့် မရှိဘဲ လုပ်ဆောင် နေခြင်းဖြစ်ပြီး၊ အာဆီယံ သဘာပတိနှင့်လည်း ညှိနှိုင်းတိုင်ပင်ခြင်း မရှိဘဲ ဆောင်ရွက်နေခြင်း ဖြစ် ကြောင်း၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သော ထိုင်းနိုင်ငံအနေဖြင့် အစုအဖွဲ့၏ သဘောတူညီချက်မှ သွေဖည်မသွားရန် လိုအပ်ပြီး၊ ဤအစည်း အဝေးအား ချက်ခြင်း ရပ်ဆိုင်းရမည် ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များက ပြောဆို ထားသည်။

ထို့ပြင် ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ၏ တစ်ဖက်သတ် လုပ်ဆောင်မှုသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၂၆၆၉ ကို ထပ်မံဆန့်ကျင်နေကြောင်း၊ တရားမ၀င် စစ်အာဏာရှင်များနှင့် “အပြည့်အ၀ ပြန်လည်ထိတွေ့ဆက်ဆံရန်” ကြိုးပမ်းခြင်းသည် မြန်မာ ပြည်သူများ၏ ဆန္ဒဖြစ်သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့နှင့် ဆန့်ကျင်ရာအရပ်တွင် ရပ်တည်သွားစေမည် ဖြစ်ကြောင်း၊ အစည်းအဝေးတွင် ပါဝင်ခြင်း နှင့် တရားမ၀င် စစ်ကောင်စီနှင့် ဆက်ဆံရေးအားလုံး ဖြတ်တောက်ရန် ပျက် ကွက်ခြင်း တို့သည် နောက်ထပ်မအောင်မြင်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ “ကနဦးခြေလှမ်း တစ်စိတ်တစ်ပိုင်းသာ” ဖြစ်လိမ့်မည်ဟု အရပ်ဘက် အဖွဲ့များက သတိပေးသည်။

ထိုအစည်းအဝေးကြောင့် မြန်မာစစ်အာဏာရှင်က ရာဇ၀တ်မှုများနှင့် ရက်စက် ကြမ်းကြုတ်မှုများကို လုပ်ဆောင်ရန်၊ ရွာများကို မီးရှို့ရန်၊ အရပ်သားပြည်သူ များအား ၎င်းတို့၏ အိုးအိမ်နှင့် မြေယာများမှ နှင်ထုတ်ရန်၊ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများကို လက်နက်အဖြစ် အသုံးချရန်နှင့် ပြည်သူ့ ဆန္ဒကို ဆန့်ကျင်၍ ရက်စက်ကြမ်းကြုတ်သည့် အုပ်ချုပ်ရေးကို ပြဌါန်း ရန် ကြိုးစားနေမှုများကို ရဲဆေးတင် ဆက်လက်ကျူးလွန်စေရန် တွန်းပို့စေ မည်ဟု အရပ်ဘက်အဖွဲ့များက ဝေဖန်ထောက်ပြထားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ၏ လျှို့ဝှက်လုပ်ဆောင်မှုကို အပြင်းထန်ဆုံး ရှုတ်ချကြောင်း၊ ထိုအစည်းအဝေးအား ချက်ချင်း ဖျက် သိမ်းပေး ရန် ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရကို တောင်းဆိုသည့်အပြင် ဖိတ်ကြားခံ ထားရ သည့် နိုင်ငံများအနေဖြင့် ထိုအစည်းအဝေးအား မတက်ရောက်ရန် မြန်မာ အရပ်ဘက်အဖွဲ့များက တောင်းဆိုသည်။

ထိုအစည်းအဝေးကြောင့် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို ပိုမိုကြီး ထွားလာစေရန်မျှမက နိုင်ငံတွင်း ပိုမိုဆိုးရွားလာသည့် အကျပ် အတည်း ကို ဖြေရှင်းရန် နိုင်ငံတကာ အသိုက်အဝန်း၏ စစ်မှန်သော ကြိုးပမ်းမှု များကိုပါ ပျက်ပြားစေမည် ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များက သတိပေးသည်။

ဓာတ်ပုံ- မင်းအောင်လှိုင်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai၊ ထိုင်း ဝန်ကြီးချုပ် ပရာယွတ်။ (ဝဲမှ ယာ)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article