26 C
Yangon

စစ်ကောင်စီ၏ ဖရူဆိုအခြေစိုက် တပ်ရင်း ၂ ခုကို KNDF ၂ ကြိမ် ပြောက်ကျားဝင်ရောက် ပစ်ခတ်၊ အရာရှိ ၁ ဦး အပါအဝင် ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ မတ် ၈

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ၂ ခုကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁၅ က ၂ ကြိမ်တိုင် ပြောက်ကျားဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီမှ အရာရှိ ၁ ဦးအပါအဝင် ၂ ဦးသေဆုံးကြောင်း KNDF B15 ဖရူဆိုဇုန် က သတင်းထုတ်ပြန်သည်။

“တိုက်ပွဲက အကြီးအကျယ်တော့မဟုတ်ဘူး။ တပ်ထဲဆိုတော့ သူတို့ဖက်က အကာကွယ်ပိုကောင်းတယ်လေ၊ ပြောက်ကျားဆိုတော့ ပိုဆင်ပြေလို့ပါ” ဟု KNDF B15 ပြန်ကြားရေးက ပြောဆိုသည်။

မတ်လ ၆ ရက်နေ့တွင် စစ်ကောင်စီ၏ အမှတ် (၁၄) တန်းမြှင့်စစ်လေ့ကျင့်ရေးတပ်ကို ဝင်ရောက်ပစ်ခတ်ရာ စစ်သား ၁ ဦးသေဆုံးကြောင်း၊ ယနေ့ မတ်လ ၈ ရက်နေ့တွင် ခမရ (၅၃၁) တပ်ရင်းကို ပစ်ခတ်ရာတွင် အရာရှိ ၁ ဦးသေဆုံးကြောင်း KNDF B15 ဖရူဆိုဇုန်က ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၂၆ ရက်၊ မွန်းလွဲ ၂ နာရီခန့်တွင် ဖရူဆိုမြို့နယ်၊ အခြေစိုက် ခမရ (၄၂၈) တပ်ရင်းဂိတ်ကို ကရင်နီတပ်မတော် KAနှင့် KNDF တို့မှ ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲသည် ၁ နာရီခန့်ကြာမြင့်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း KNDF ထံမှ သိရှိရသည်။

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၂၈၊ ခမရ ၅၃၁၊ အမှတ် ၁၄ တန်းမြှင့်စစ်လေ့ကျောင့်ရေးတပ်များ အခြေစိုက် တပ်စွဲထားသည်။

ဓါတ်ပုံ – ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း ၁၅ တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article