27 C
Yangon

မုံရွာ၊ ကျောက်စစ်ပုံ အမြောက်တပ်ရှိ လက်နက်တိုက်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

Must read

မုံရွာ၊ ကျောက်စစ်ပုံ အမြောက်တပ်ရှိ လက်နက်တိုက်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

ရန်ကုန်၊ ဇွန် ၂၀

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ကျောက်စစ်ပုံ အမြောက်တပ်ရှိ လက်နက်တိုက်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် စစ်သား အများအပြား ထိခိုက်သေဆုံး​ခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၅ ၊ Eagle Guerrilla Force ဗိုလ်ကောက်ရိုးတပ်ဖွဲ့မှ ဒရုန်းတာဝန်ခံ ရဲဘော်စေတန်က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က ကျောက်စစ်ပုံ အမြောက်တပ်ရှိ လက်နက်တိုက်ပေါ်တွင် တွေ့မြင်ရသည့် စစ်သား ၁၀ ဦးကို ဒရုန်းဖြင့် ဗုံးသီး ၁ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် လက်နက်တိုက်အတွင်း လက်နက်များ ဝင်ရောက်ယူဆောင်သော စစ်သားများကို ဗုံးသီး ၈ လုံးဖြင့်ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သား သေဆုံးမှု များပြားခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

“လက်နက်တိုက်ပေါ်မှာ ခွေး ၁၀ ကောင်ရှိတယ်၊ ဆိုတာ ကင်းထောက်ဒရုန်းကနေ မြင်ရတယ်၊ အဲဒီ ၁၀ ယောက်ကို ဗုံးသီး ၁ လုံးကျဲချလိုက်တယ်၊ ပြန်ခုခံဖို့နေမှာ လက်နက်တွေဝင်ယူကြတာ၊ ဝင်ယူတဲ့အ ချိန် မှာ နောက်ထပ်ဒရုန်းတစ်စင်းနဲ့ ထပ်ချတာ၊ ကင်းထောက်ကလည်း ဒရုန်းရော၊ လူရော နှစ်ခုထောက် လှမ်းပြီး ချတာဆိုတော့ ဘယ်နား၊ ဘယ်နားဆိုပြီး အတိအကျ ချနိုင်ခဲ့တာ၊ အသေအပျောက်များတယ် ဆိုတာတော့ သိတယ်၊ မနေ့က စခန်းထဲမှာရှိတဲ့ ဘောလုံးကွင်းကြီးထဲမှာ အလောင်းတွေ ၄၀ ကျော် လောက်စီထားတာ တွေ့တယ်လို့ ကင်းထောက်က လှမ်းပြောတာနဲ့ နောက်ဆက်တွဲသတင်း ထုတ်ပြန် လိုက်တာ၊ အရာခံဗိုလ် ၃ ယောက်အပါအဝင်‌ နောက်ထပ် ၄၃ ယောက်သေတယ်ဆိုတာ ကင်းထောက်က နေလှမ်းပြောတာ” ဟု ရွှေဘိုခရိုင် တပ်ရင်း ၁၅ ၊ Eagle Guerrilla Force ဗိုလ်ကောက်ရိုးတပ်ဖွဲ့မှ ဒရုန်း တာဝန်ခံ ရဲဘော်စေတန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Eagle Guerrilla Force ဗိုလ်ကောက်ရိုး ရွှေဘိုခရိုင်တပ်ရင်း-၁၅ ၊ ကျောက်ဆည် ခရိုင်တပ်ရင်း-၁ (နဂါးနီတပ်ရင်း) ၊ ကျောက်ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း – ၇ (Zero ပြောက်ကျား)၊ နှင့် MRTF Drone Force၊ NDRF အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်မှ ၁၀၇ မမ လက်နက်ကြီး ၂ လုံးပြန်ပစ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article