26 C
Yangon

စစ်ကိုင်းမြို့နယ်ရှိ မင်းကွန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ အရာတော်တွင် ပျူစောထီး မင်္ဂလာဆောင်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

စစ်ကိုင်းမြို့နယ်ရှိ မင်းကွန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ အရာတော်တွင် ပျူစောထီး မင်္ဂလာဆောင်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၂၂

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တွင် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲများသာရှိသော မင်းကွန်း တိုက်နယ်ရဲစန်းကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျခဲချတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုအခြေအနေ မသိရသေး ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များမှ လက်နက်ငယ်များဖြင့် တရစပ်ပစ်ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ပဒူရွာကနေ ပစ္စည်းတွေ ခိုးတာ မင်းကွန်းရဲစခန်းက ရဲတွေပါတယ်၊ အဲဒါကြောင့် တိုက်ခိုက်ခဲ့တာ၊ ရဲစခန်းအနီးပတ်ဝန်းကျင်မှာနေတဲ့သူတွေနေနဲ့ တတ်နိုင်သမျှ ရဲစခန်းနဲ့ဝေးဝေးနေကြဖို့ သတိပေး ချင်ပါတယ်၊ ရဲစခန်းနားမှာ စာသင်ကျောင်းဖွင့်ထားပေးမယ့် ထိခိုက်မှု လုံးဝမရှိအောင် ကြိုးစားခဲ့ပါ တယ်၊ ကျနော်တို့အနေနဲ့က စာသင်ကျောင်း၊ အများပြည်သူသွားလာတဲ့နေရာတွေကို လုံးဝတိုက်ခိုက်မှာ မဟုတ်ပါဘူး” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ စစ်ကိုင်းမြို့နယ် ပကဖ၊ Phoenix SGG ၊ Fight For Federal တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာရွာရှိ ပျူစောထီး မင်္ဂလာဆောင်ကို ယနေ့ ဇွန်လ ၂၂ ရက်နေ့ နံနက်ခင်း ၆ နာရီခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Snipe Rangers Force (LPDF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ပစ်ခတ် တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှလည်း စက်လက်ကြီးများ၊ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့​သောကြောင့် ကာကွယ်ရေး တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွားခဲ့ရကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးဘဲ ကာကွယ်ရေးတပ်ဖွဲ့များ ပစ်ခတ်မှုကြောင့် မင်္ဂလာဆောင် ခန်းမ အနီး လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက် သေဆုံးမှုရှိနိုင်ကြောင်း သိရှိရသည်။

ကာကွယ်ရေး တပ်ဖွဲ့များ ဘက်မှလည်း ရဲဘော် ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့​ပြီး ပြည်သူများအနေဖြင့်လည်း ကာကွယ်ရေး တပ်ဖွဲ့များကို တတ်နိုင်သည့်ဘက်မှ လှူဒါန်းပေးရန် Snipe Rangers Force (LPDF) တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article