26 C
Yangon

Global Fund for Burma ၏ မြန်မာနိုင်ငံရေးရာမူဝါဒ ကွန်ဖရင့်တွင် ပြည်ထောင်စုဝန်ကြီး၊ အမေရိကန် ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီးတို့ တက်ရောက်ဆွေးနွေး

Must read

Global Fund for Burma ၏ မြန်မာနိုင်ငံရေးရာမူဝါဒ ကွန်ဖရင့်တွင် ပြည်ထောင်စုဝန်ကြီး၊ အမေရိကန် ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီးတို့ တက်ရောက်ဆွေးနွေး

ရန်ကုန်၊ ဇွန် ၂၄

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်တွင် Global Fund for Burma က ပြုလုပ်သည့် မြန်မာနိုင်ငံရေးရာမူဝါဒ ကွန်ဖရင့် (Panel Discussion) ကို ဇွန် ၂၀ ရက်တွင် ပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများနှင့်အတူ အမေရိကန် ဒုတိယလက်ထောက်နိုင်ငံခြားရေး ဝန်ကြီးတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံရေးရာမူဝါဒ ကွန်ဖရင့်သို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်သည့် ဒေါက်တာဇော်ဝေစိုး ၊ ဦးထင်လင်းအောင် ၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး ၊ အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဗဟိုဘဏ်၊အထူးအကြံပေးပုဂ္ဂိုလ် Sean Turnell တို့ တက်ရောက်ခဲ့ကြကြောင်း ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အဆိုပါပွဲတွင် ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင် နှင့် အမေရိကန် နိုင်ငံခြားရေးဌာနမှ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီးတို့မှ အဖွင့် အမှာစကားပြောကြားခဲ့ကြောင်း၊ ကွန်ဖရင့်သို့ တက်ရောက်လာသည့် ကချင်၊ ကရင်၊ ကရင်နီ ၊ ချင်း တိုင်းရင်းသား လူမျိုးစုများအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ အမေရိကန် သမ္မတ အိမ်ဖြူတော် အမျိုးသား လုံခြုံရေးကောင်စီ၊ အမေရိကန် လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာ​ပြည်အရေးဆောင်ရွက် နေသူတွေကလည်း Burma Act ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ထို့နောက် မြန်မာ့ပြည်၏ လက်ရှိ မြေပြင်အခြေအနေများ ၊ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ အမေရိကန်အစိုးရနှင့် နိုင်ငံတကာမှ ကူညီထောက်ပံ့မှုရရှိရေးကိစ္စရပ်များ၊ Federal Democracy ဖော်ဆောင်မှုနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ နိုင်ငံတကာရေးရာနှင့် ကုလသမဂ္ဂ၏ ဆောင်ရွက်မှုများ၊ တရားဥပဒေရေးရာများ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article