27 C
Yangon

လောင်းလုံးမြို့နယ်၊ မောင်းမကန်တွင် ကင်းလှည့်နေသည့် ရဲကား ပစ်ခတ်ခံရပြီး ရဲ ၂ ဦးသေဆုံး

Must read

လောင်းလုံးမြို့နယ်၊ မောင်းမကန်တွင် ကင်းလှည့်နေသည့် ရဲကား ပစ်ခတ်ခံရပြီး ရဲ ၂ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၄

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်နယ်မြေရဲစခန်းမှ ကင်းလှည့်နေသည့် ရဲကား ပစ်ခတ် ခံရပြီး ရဲ ၂ ဦးသေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာထဲ ကင်းလှည့်နေသည့် ရဲကားကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ရဲစခန်းအနီး ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ရဲ ၂ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပစ်ခတ်တိုက်ခိုက်မှု​အတွင်း ဒုရဲအုပ် စစ်အောင်သူထွန်းနှင့် တပ်ကြပ်ကြီး ရဲညွန့်တို့ ပွဲချင်းသေဆုံးခဲ့ပြီး ရဲတပ်သား ဝေလွင်၊ အုပ်ကြီးနှင့် ဇင်ဗိုလ်မင်း တို့ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံ၌ ကုသမှု ခံယူနေရကြောင်း သိရှိရသည်။

” လောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းက ကင်းလှည့်ရဲကားကို ပစ်ခတ် တိုက်ခိုက်တာ ဒုရဲအုပ် စစ်အောင်သူထွန်းနဲ့ ရဲတပ်ကြပ်ကြီးရဲညွန့် တို့ပွဲချင်းပြီးသေတယ်။ ကျန် ရဲ ၃ ဦးကတော့ ကျည်ထိ ဒဏ်ရာတွေနဲ့ ဆေးရုံခေါ်သွားပါတယ်လို့ သိရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article