28 C
Yangon

စစ်ကိုင်းမြို့နယ်၊ ရွာများကို စစ်တပ်က ဝင်ရောက်စီးနင်းစဉ် PDF ရဲဘော် ၁၃ ဦးကို သတ်ဖြတ်ခြင်း၊ အမျိုးသမီး ၂ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်း အပါအဝင် စုစုပေါင်း လူ ၁၈ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့

Must read

စစ်ကိုင်းမြို့နယ်၊ ရွာများကို စစ်တပ်က ဝင်ရောက်စီးနင်းစဉ် PDF ရဲဘော် ၁၃ ဦးကို သတ်ဖြတ်ခြင်း၊ အမျိုးသမီး ၂ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်း အပါအဝင် စုစုပေါင်း လူ ၁၈ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့

■ မီးရှို့ထားသော အလောင်းများတွေ့ရပြီး ပြည်သူ ၂ ဦးလည်း ပျောက်ဆုံးနေ

ရန်ကုန်၊ ဇွန် ၂၆

စစ်ကိုင်းမြို့နယ်၊ ကင်းတော်ကျေးရွာနှင့် မြင်းဆည်ကျေးရွာ ကို စစ်တပ်က ယမန်နေ့ နံနက်ပိုင်း ဝင် ရောက်စီးနင်းစဉ် တော်လှန်ရေး ရဲဘော် ၁၃ ဦးကို သတ်ဖြတ်ခြင်း၊ အမျိုးသမီး ၂ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်း အပါအဝင် စုစုပေါင်း လူ ၁၈ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများနှင့် ဒေသကာကွယ်ရေးတပ်ထံမှ သိရှိရ သည်။

ဇွန်လ ၂၅ ရက်နေ့ နံနက် ၅ နာရီကျော်အချိန် စစ်တပ်က စစ်ကိုင်းမြို့နယ်၊ ကင်းတော်ရွာကို ဝင်ရောက်စီးနင်းပြီး တော်လှန်ရေးရဲဘော် ၁၃ ဦးကို သတ်ဖြတ် ခြင်း၊ အမျိုးသမီး ၂ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်း၊ ကင်းတော်ကျေးရွာမှ ပြည် သူ ၂ ဦးနှင့် မြင်းဆည်ကျေးရွာမှ ပြည်သူ ၁ ဦးကို သတ်ဖြတ်ခြင်းအပါအဝင် စုစုပေါင်း လူ ၁၈ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

“စုစုပေါင်း ၁၈ဦး ကျဆုံးပါတယ်။ မြင်းဆည်ရွာ အမျိုးသားတစ်ဦး ထိခိုက် ဒဏ် ရာ ရပါတယ်။ အလောင်းတစ်ချို့မီးရှို့သွားပြီး၊ကျန်အလောင်းများ မီးမရှို့ပါဘူး။ မြင်းဆည်ရွာမှ ဦးပေါက်စ အသက် ၆၉နှစ် ကို စစ်ခွေးတွေက ပစ်ခတ် ၀င် ရောက် စဉ် ကျည်ထိမှန်သေဆုံးပါတယ်။ ဦးပေါက်စ၏ ဇနီးသည် ပျောက်ဆုံး နေပါတယ်။ ကင်းတော်ရွာအတွင်း စစ်ခွေးတွေ ပစ်ခတ်၀င်ရောက်စဉ် ပြည်သူ နှစ်ဦး ဖြစ်တဲ့ ကိုမြင့်ကျော်သူ အသက် ၃၇ နှစ်၊ နဲ့ ဦးမောင်စန်း အသက် ၅၀နှစ် တို့ကို နေအိမ်ထဲမှာ စစ်တပ်က ပစ်သတ်သွားပါတယ်” ဟု ဒေသပြည်သူ တစ်ဦး ကဆိုသည်။

စစ်တပ်က ဝင်ရောက်ပစ်ခတ်နေစဉ် ပျောက်ဆုံးသူများအနေဖြင့် မြင်းဆည် ကျေးရွာမှ သေဆုံးသူ ဦးပေါက်စ၏ ဇနီးသည်နှင့် လယ်ပါယ်တောရွာမှ ကိုဖိုး ပြားပါ ပျောက်ဆုံးနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article