27 C
Yangon

စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ခုခံတိုက်ခိုက်ရန် သွားရောက်စဥ် ကင်းပုန်းဝပ် တိုက်ခိုက်ခံရပြီး PDF ရဲဘော် ၁၄ ဦးကျဆုံး

Must read

စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ခုခံတိုက်ခိုက်ရန် သွားရောက်စဥ် ကင်းပုန်းဝပ် တိုက်ခိုက်ခံရပြီး PDF ရဲဘော် ၁၄ ဦးကျဆုံး

ရန်ကုန်၊ ဇွန် ၂၈

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်တလိုင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ခုခံတိုက်ခိုက်ရန် သွားရောက်စဥ် ကင်းပုန်းဝပ် တိုက်ခိုက်ခံရပြီး PDF ရဲဘော် ၁၄ ဦးကျဆုံးခဲ့ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း ၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇွန်လ ၂၈ ရက်တွင် မင်းကွန်းဘက်မှ မြစ်ကြောင်းအတိုင်း ဖလက်ခွံမော်တော်ဖြင့် ဆန်တက် လာသော အကြမ်းဖက် စစ်ကြောင်းသည် အုတ်ဖိုကျေးရွာ၌ ဆိုက်ကပ်ပြီး စဉ့်ကိုင်တလိုင်းကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးလာသောကြောင့် စစ်ကိုင်းခရိုင်တပ်ရင်း ၃ နှင့် တပ်ရင်း ၁ တို့ပူးပေါင်းပြီး ခုခံတိုက်ခိုက်ရန်သွားရောက်စဉ် အကြမ်းဖက် စစ်တပ်၏ ကင်းပုန်းဝပ် တိုက်ခိုက်ခံရပြီး PDF ရဲဘော် ၁၄ ဦးကျဆုံးကာ လက်နက်​များလည်း ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“အလောင်းတွေကို စစ်ခွေးတွေက မီးရှို့သွားတယ်၊ ရွာပြင်မှာပဲ၊ ထိုးကြောင်းထိုးလာလို့ ကာဖို့ လုပ်တဲ့ အချိန် ဖြစ်သွားတာပါ၊ဟိုဘက်က ကင်းပုန်းနဲ့တွေ့ပြီး ထိတွေ့မှုဖြစ်ကျဆုံးသွားတာပါ၊” ဟု စစ်ကိုင်းခရိုင် တပ်ရင်း ၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်ခံရမှုကြောင့် စစ်ကိုင်းခရိုင်တပ်ရင်း ၃ မှ ဒုတပ်ရင်းမှူး ရဲဘော် အဇဲ၊ တပ်ခွဲမှူး ရဲဘော် လင်းရောင်၊ တပ်စိပ်မှူး ရဲဘော်တိုးကြီး၊ ရဲဘော် ငရဲ၊ ရဲဘော် ဆံဝါ၊ ရဲဘော် နန်းကြီး၊ ရဲဘော်တေဇ၊ ရဲဘော် စိုးကြီး၊ ရဲဘော် ရဲဇော်တို့ကျဆုံးကာ စစ်ကိုင်းခရိုင်တပ်ရင်း ၁ မှ ရဲဘော် ၅ ဦး တို့ ကျဆုံးခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်ကြောင်းသည် စစ်ကိုင်းမြို့နယ် ထန်းကြီးကျေးရွာသို့ရောက်ရှိနေပြီး ကျောင်းဖြူရွာ နှင့် တလိုင်းရွာကြား၌လည်း အဖွဲ့တစ်ဖွဲ့ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article