33.6 C
Yangon

မြိုင်မြို့နယ်ရှိ ပြည်သူလူထုနှင့်ပူးပေါင်းခြင်းမရှိသော စစ်တပ် ထောက်တိုင် နေအိမ်များကို ပြည်သူ့ဘဏ္ဍာ အဖြစ် ချိတ်ပိတ် သိမ်းဆည်းမည်

Must read

မြိုင်မြို့နယ်ရှိ ပြည်သူလူထုနှင့်ပူးပေါင်းခြင်းမရှိသော စစ်တပ် ထောက်တိုင် နေအိမ်များကို ပြည်သူ့ဘဏ္ဍာ အဖြစ် ချိတ်ပိတ် သိမ်းဆည်းမည်

ရန်ကုန်၊ ဇွန် ၃၀

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ပြည်သူလူထုနှင့်ပူးပေါင်းခြင်းမရှိ အကြမ်းဖက် စစ်တပ် ထောက်တိုင်ဌာန ဆိုင်ရာ ဝန်ထမ်းများ၏ နေအိမ်များကို ပြည်သူ့ဘဏ္ဍာအဖြစ် ချိတ်ပိတ် သိမ်းဆည်း သွားမည် ဖြစ်ကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံးထားကာ မြိုင်ပကဖ က အကြမ်းဖက် စစ်တပ် ထောင်တိုင် အဖြစ် တာဝန် ထမ်းဆောင်နေကြသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အခြားဌာနဆိုင်ရာ ဝန်ထမ်းများ၏ နေအိမ်များကို မြို့ပေါ်ရပ်ကွက်၌ ဖြစ်စေ၊ ကျေးရွာများအတွင်း၌ ဖြစ်စေ နေအိမ်ခြံဝန်းများ အားလုံးကို ပြည်သူ့ဘဏ္ဍာအဖြစ် ချိတ်ပိတ် သိမ်းဆည်းခြင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article