33.1 C
Yangon

စစ်ကိုင်းမြို့နယ်၊ တလိုင်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ်​ ၁၀၀ ကျော်ပြာကျ

Must read

စစ်ကိုင်းမြို့နယ်၊ တလိုင်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ်​ ၁၀၀ ကျော်ပြာကျ

ရန်ကုန်၊ ဇူလိုင် ၄

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်​ ၁၀၀ ကျော် မီးလောင် ပြာကျခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

ဇူလိုင်လ ၂ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ တလိုင်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ပြည်သူပိုင် နေအိမ် ၁၀၀ ကျော် မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။

“ဇူလိုင် ၂ ရက်နေ့ နံနက် ၃ နာရီ ၂၀ လောက် တလိုင်းတောင်ဘက်က ကင်းကို စခ အင်အား ၇၀ လောက်နဲ့ ဝင်စီးတယ်။ ကင်းနဲ့ ထိတွေ့မှုဖြစ်ခဲ့တယ်။ လက်နက်အင်အား ကွာဟချက်ကြောင့် ရဲဘော်တွေ ကျသွားတယ်။ ကင်းရဲဘော်တွေ ခုခံကာကွယ်ပေးခဲ့တာကြောင့် ကျေးရွာပြည်သူတွေ ရှောင်တိမ်းချိန်ရခဲ့တယ်။ မဟုတ်ရင် ဒီထက်အခြေအနေဆိုးနိုင်တယ်” ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်သည် တလိုင်းရွာမှ ဇူလိုင် ၃ ရက်နေ့နံနက် ၁၀ နာရီအချိန်တွင် ပြန်လည်ထွက်ခွာသွားပြီး ပဒူရွာသို့ ပြန်လည်ဝင်ရောက်သွားကြောင်း၊ တလိုင်းရွာမှ ပြည်သူများ ကျေးရွာသို့ ပြန်ဝင်ရောက်လျက်ရှိပြီး အကြမ်းဖက် စစ်တပ်က အချိန်မရွေးပြန်လည် ဝင်ရောက် လာနိုင်သောကြောင့် ပြည်သူများ သတိထားနေရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်ကြောင့် ကျေးရွာအတွင်း ပြန်ဝင်နိုင်ခြင်း မရှိဘဲ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ပဒူကျေးရွာမှ ပြည်သူများဖြစ်ပြီး မေလ ၁၉ ရက်နေ့ကတည်းက အကြမ်းဖက်စစ်တပ်သည် ပဒူရွာတွင် အထိုင်ချနေသည့်အတွက် ရွာအတွင်း ပြန်မဝင်နိုင်သေးကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article