27 C
Yangon

မြင်းမူမြို့နယ် မန်ကျီးကန်ရွာတွင် စစ်တပ်ကို Federal Wings က ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၃ ဦးသေ

Must read

မြင်းမူမြို့နယ် မန်ကျီးကန်ရွာတွင် စစ်တပ်ကို Federal Wings က ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၃ ဦးသေ

ရန်ကုန်၊ ဇူလိုင် ၆

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် နဘဲကြူးကျေးရွာအား ဝင်ရောက်မွှေနှောက်ပြီး မန်ကျီးကန်ရွာသို့ ထွက်ခွာလာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းနှင့် နယ်မြေခံတော်လှန်ရေးအင်အားစုများအကြား ဇူလိုင်လ ၆ ရက်နေ့ နံနက် အစောပိုင်းတွင် တိုက်ပွဲဖြစ်ပွားရာ Federal Wings က လေးလက် ဒရုန်း အကြီးများနှင့် ဗုံးသီးကျဲချတိုက်ခိုက်မှုကြောင့် စစ်သား ၃ ဦးသေပြီး ဒဏ်ရာ ရရှိသူများပြားကြောင်း Federal Wings တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇူလိုင်လ ၆ ရက်နေ့ နံနက် ၃ နာရီ ၅၄ မိနစ်တွင် ၂ ဖက်တိုက်ပွဲဖြစ်ပွားနေစဉ် 4kg ဒရုံးဗုံးသီးနှစ်လုံးကို အသုံးပြု၍ Federal Wings Drone က တစ်ကြိမ် ပျံသန်းတိုက်ခိုက်ခဲ့ပြီး နံနက် ၅ နာရီ ၆ မိနစ်တွင်လည်း 4kgဒရုံးဗုံးသီးနှစ် လုံးဖြင့် နောက်ထပ်တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်တိုက်ခိုက် ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်က ဒါဏ်ရာရရှိမှုများပြီး ပူးပေါင်းတိုက်ခိုက်သူများကြောင့် အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးကာ မန်ကျီးကန်သုတ်သန်တွင် မီးရှို့နေသည်ဟုသတင်းရကြောင်း Federal Wings မှ တာဝန်ရှိသူက ပြောကြားသည်။

စစ်ကိုင်းမြို့နယ် ထိန်ကုန်၊ လက်ပံသာနှင့် မအူပင်ရွာများသို့ ဇူလိုင်လ ၅ ရက်နေ့တွင် စစ်ကြောင်းထိုးပြီး ပြည်သူ့ရဲဘော်သုံးဦးကို သတ်ဖြတ်သွားသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ညောင်ပင်ဝန်းကျေးရွာတွင် ညအိပ် တပ်စွဲခဲ့ကြောင်း၊ ဇူလိုင်လ ၆ ရက်နေ့ နံနက်၄ နာရီ ၃၀ မိနစ်တွင် ညောင်ပင် ဝန်းကျေးရွာကစတင်ထွက်ခွါကာ မြင်းမူမြို့နယ် နဘဲကြူးကျေးရွာကို ဝင်ရောက်မွှေနောက်ခဲ့ပြီး နဘဲကြူးရွာမှ မန်ကျီးကန်ရွာသို့ ဆက်လက် ထွက်ခွာ လာချိန်တွင် တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Federal Wings ထံမှ သိရသည်။

တိုက်ပွဲအတွင်း လက်နတ်ကြီးများနှင့်လည်း ပစ်ခတ်ကြပြီး Federal Wings တပ်ရင်း ၁၈၀၁ နှင့်အတူ ကျောက်ဆည် နဂါးနီအဖွဲ့၊ GTRမြင်းမူ အဖွဲ့တို့က လည်း လေးလက်ဒရုံးအကြီးများနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ Federal Wings က SDP2မှ ထုတ်လုပ်သည့် ဗုံးသီးများနှင့် တိုက်ခိုက်ခဲ့ကြောင်း Federal Wings တာဝန်ရှိသူက ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article