25 C
Yangon

အကြမ်းဖက် စစ်ကောင်စီက မတရားဖမ်းဆီးထားသည့် ၈၈ ကျောင်းသား ခေါင်းဆောင်ဟောင်း ကိုမြအေးကို ထောင်ဒဏ် ၂နှစ်ချမှတ်ပြီး၊ ဒဂုံတက္ကသိုလ် သမဂ္ဂ ကျောင်းသား ၃ဦးကိုလည်း အလုပ်နှင့် ထောင်ဒဏ် ၃နှစ်ချမှတ်

Must read

ရန်ကုန်၊ မတ် ၁၀

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့က၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က ယနေ့ချိန်ထိ မတရားဖမ်းဆီးထားသည့် ၈၈ ကျောင်းသား ခေါင်းဆောင်ဟောင်း ကိုမြအေးကို ယနေ့ မတ်လ ၁ဝ ရက်နေ့တွင် အင်းစိန်ထောင်တွင်း တရားရုံးမှ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

အလားတူ ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင်များဖြစ်သည့် မဝတ်ရည်အောင်၊ ကိုရဲလင်းဦးနှင့် ကိုနေထက်လင်းတို့ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ မတ်လ ၁ဝရက်နေ့တွင် အင်းစိန်ထောင်တွင်း တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၃နှစ်ချမှတ်ခဲ့ခြင်းကြောင်း သိရသည်။

ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ အဖွဲ့ဝင်များဖြစ်သော မဝတ်ရည်အောင်(သတ္တဗေဒ-ဒုတိယနှစ်)၊ ကိုရဲလင်းဦး(ရှေးဟောင်းသုတေသန – ဒုတိယနှစ်)နှင် ကိုနေထက်လင်း(သမိုင်း)တို့ကို အကြမ်းဖက် စစ်ကောင်စီက မတရား ဥပဒေ ပုဒ်မများဖြင့် တရားစွဲဆိုထားသော ပုဒ်မ ၅၀၅ – က ဖြင့် ယနေ့ မတ်လ ၁၀ရက်နေ့တွင် အကြမ်းဖက်စစ်တပ်၏ အင်းစိန်ထောင်တွင်းတရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မဝတ်ရည်အောင်နှင့် ကိုရဲလင်းဦးတို့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)ဖြင့် အကြမ်းဖက် စစ်ကောင်စီက ထပ်မံ အမှုဖြင့် တရားစွဲဆိုထားသေးကြောင်း သိရသည်။

အဆိုပါ ဒဂုံတက္ကသိုလ်မှကျောင်းသား ကျောင်းသူ ၆ဦးသည် စက်တင်ဘာလ ၁၄ရက်နေ့ ညပိုင်း ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်၌ ဖမ်းဆီး ခံခဲ့ရခြင်း ဖြစ်ပြီး ကိုစည်သူအောင်တင်ကို ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၃ရက်နေ့၌ ရာဇသတ်ကြီးပုဒ်မ ၁၂၄ – ခ(ဃ) နှင့် ၅၀၅ – က တို့ဖြင့် ထောင် ၁၀နှစ်၊ မသဉ္ဇာဇော်ကို ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၈ရက်နေ့၌ ရာဇသတ်ကြီးပုဒ်မ ၁၂၄ – ခ(က) ဖြင့် ထောင် ၁၀နှစ် နှင့် ဒီဇင်ဘာလ ၈ရက်နေ့၌ ၅၀၅ – က ဖြင့်ထောင် ၃နှစ်နှင့် ကိုမြင်သိန်းနိုင်ကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ၂၈ရက်နေ့၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅ – ကဖြင့် ထောင်၃နှစ် အဖြစ် အကြမ်းဖက်စစ်တပ်၏ တရားရုံးများမှ မတရားအမိန့်များ အသီးသီးချမှတ်ထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article