27 C
Yangon

လေယာဉ်ဆီတင်ယာဉ် ဖြတ်သန်းရန် စစ်ကောင်စီက ရဲတပ်ဖွဲ့ကို လမ်းလုံခြုံရေးယူခိုင်း

Must read

ရန်ကုန်၊ မတ် ၁၀

ထိုင်းနိုင်ငံမှ တင်သွင်းမည့် လေယာဉ်ဆီတင် ဆီဘောက်စ်ဆာ ဖြတ်သန်းရာတွင် လမ်းလုံခြုံရေးယူပေးရန် ရဲတပ်ဖွဲ့ကို အကြမ်းဖက်စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနက ပေးပို့သည့် လျှို့ဝှက်ကြေးနန်းစာ တစောင် ပေါက်ကြားလာသည်။

အဆိုပါ ‌ကြေးနန်းတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်းနှင့် Puma Energy Group တို့ အကျိုးတူ ပူပေါင်း၍ ထိုင်းနိုင်ငံမှတဆင့် လေယာဉ်ဆီတင်သွင်းမည်ဖြစ်ပြီး ဆီဘောက်စ်ဆာ ဖြတ်သန်းရာ လမ်းကြောင်းတလျှောက် မတ်လ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ လမ်းလုံခြုံရေးယူရန် ရဲတပ်ဖွဲ့သို့ လိပ်မူပေးပို့ထားကြောင်း သိရှိရသည်။

အဆိုပါ လေယာဉ်ဆီတင် Refuller-Liter 20,000 ဆံ့ ဆီဘောက်စ်ဆာသည် ထိုင်းနိုင်ငံမှတဆင့် မြဝတီ-သင်္ဃန်းညီနောင်-ကော့ကရိတ်-ဘားအံ-သထုံ-ဘီးလင်း-ကျိုက်ထို-မုပ္ပလင်-ဘုရားကြီး-တောင်ငူ မှ တဆင့် ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သယ်ယူမည်ဖြစ်ကြောင်း ပါရှိသည်။

မြဝတီ-ကော့ကရိတ်မှ ဖြတ်သန်းသော စစ်ကောင်စီနှင့် အကျိုးတူ ကုမ္ပဏီများပိုင်ဆိုင်သည့် ဆီဘောက်စ်ဆာယာဉ်များကို KNLA ပူးပေါင်းအဖွဲ့က မကြာခဏ ပစ်ခတ်ဖျက်ဆီးထားဖူးသည်။

Puma Energy Group ကုမ္ပဏီသည် ၎င်း၏ မြန်မာနိုင်ငံမိတ်ဖက်ကုမ္ပဏီဖြစ်သော Asia Sun Energy နှင့်ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွားမှုများပြုလုပ်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG က Asia Sun Energy ကုမ္ပဏီကို စစ်ရာဇဝတ်မှုအားပေးသောလုပ်ငန်းအဖြစ် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် အမည်ပျက်စာရင်းသွင်းထားခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article