30 C
Yangon

စစ်သားနှင့်ပျူစောထီး ၄၀ နီးပါး သေဆုံးသော ချောင်းဦး၊ ကံကြီးကုန်းကျေးရွာ တိုက်ပွဲ(ရုပ်/သံ)

Must read

ရန်ကုန်၊ မတ် ၁၀

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် လက်ပါးစေ ပျူစောထီးအဖွဲ့ကို ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက မတ်လ ၉ ရက်နေ့တွင် ဝင်တိုက်ပြီး ပျူစောထီးအဖွဲ့ဝင် ၄၀ နီးပါး သေဆုံးကြောင်း မြင်းခြံ 35 ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

MGN 35 ပြောက်ကျားတပ်ဖွဲ့၊ Zero ပြောက်ကျားတပ်ဖွဲ့၊ The Value of Young Men၊ MRA (မြောင်) ပူးပေါင်းတပ်ဖွဲ့က ကံကြီးကုန်းရွာရှိ အင်အား ၆၀ ခန့်ရှိသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၃ နာရီကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် အကြမ်းဖက်စစ်ကောင်စီတပ်ကူအများအပြား ရောက်ရှိလာသဖြင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများသည် အနီးပတ်ဝန်းကျင် ကျေးရွာများကို ဒုက္ခပေး ဖမ်းဆီးနှိပ်စက်ခြင်း၊ ပစ္စည်းများကို အဓမ္မယူဆောင်ခြင်း၊ PDF ရဲဘော်အချို့ကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ချောင်းမြောင်းတိုက်ခိုက်ခြင်းများ ပြုလုပ်နေခြင်းကြောင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article