31.2 C
Yangon

ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသော မြန်မာ နယ်စပ်တစ်လျှောက် ဆူးကြိုးခြံစည်းရိုးများ ကာရန်မည်ဟု ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး ပြောကြား

Must read

ရန်ကုန်၊ ဇွန် ၂၀

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လုံခြုံရေးကို မြှင့်တင်ရန်နှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၊ တရားမဝင် ဝင်ရောက်မှုများကို တားဆီးနိုင်ရေးအတွက် မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်တစ်လျှောက်တွင် ဆူးကြိုးခြံစည်းရိုးများ ခတ်ရန် အစိုးရက စီမံချက်များ ချမှတ်လုပ်ဆောင်နေကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး ဆာလာဟူဒင် အာမက် (Salahuddin Ahmed) က ဘင်္ဂလားဒေ့ရှ်ပါလီမန်တွင် ပြောကြားလိုက်သည်။

ဇွန် ၁၇ ရက်နေ့ ပြုလုပ်သည့် ပါလီမန်အစည်းအဝေးတွင် လွှတ်တော်အမတ်များ၏ မေးမြန်းချက်များကို ဘဂ်လားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးက စာဖြင့် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဝေးလံခေါင်သီသော တောင်တန်းဒေသများတွင် နယ်စပ်လမ်းမများ ဖောက်လုပ်ခြင်း လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်လျက်ရှိရာ နယ်စပ်တစ်လျှောက် ဖြစ်ပွားလာမည့် ရာဇဝတ်မှုများကို အချိန်မီ ပိုမိုမြန်ဆန်စွာ တုံ့ပြန်နှိမ်နင်းနိုင်တော့မည် ဖြစ်သည်။ နယ်စပ်စီမံခန့်ခွဲမှု ပိုမိုအားကောင်းလာစေရန်နှင့် နယ်စပ်ဖြတ်ကျော် ပြဿ နာများကို လျှော့ချနိုင်ရန်အတွက် သံတမန်ရေးအရ ဆောင်ရွက်မှုများ၊ စောင့်ကြည့်မှုများကို တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရသည်။

လက်ရှိတွင် နယ်စပ်တစ်လျှောက် တရားမဝင် ဝင်ရောက်မှုများနှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုများကို တားဆီးရန်အတွက် အပူလှိုင်းဖမ်းစက်များ (Thermal Imagers)၊ ညကြည့်မှန်ပြောင်းများ၊ CCTV ကင်မရာများနှင့် ဒရုန်း (Drone) စောင့်ကြည့်ရေးစနစ်များကို အသုံးပြုလျက်ရှိသည်။

စစ်ဗျူဟာအရ အရေးပါသော နေရာများတွင် အမြဲတမ်းနှင့် ယာယီကင်းစခန်းများကို တိုးမြှင့်ချထားသည့်အပြင်၊ ဒေသခံကိုယ်စားလှယ်များနှင့် လူထုခေါင်းဆောင်များ ပါဝင်သည့် နယ်စပ်ဒေသခံ စောင့်ကြည့်ရေးအဖွဲ့ (Border Community Watch Group) ကိုလည်း ဖွဲ့စည်းထားကြောင်း ပြည်ထဲရေးဝန်ကြီးက ပါလီမန်တွင် တရားဝင် ထည့်သွင်းပြောကြားခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article