28 C
Yangon

နတ်မောက်၊ ကျောက်အိုးရွာမှ ပြည်သူ ၃၀ ကျော်ကို စစ်တပ်က ရွာထဲ၌ ဖမ်းဆီးထားပြီး နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီး

Must read

နတ်မောက်၊ ကျောက်အိုးရွာမှ ပြည်သူ ၃၀ ကျော်ကို စစ်တပ်က ရွာထဲ၌ ဖမ်းဆီးထားပြီး နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇူလိုင် ၉

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကျောက်အိုးရွာမှ ပြည်သူ ၃၀ ကျော်ကို စစ်တပ်က ရွာထဲ၌ ဖမ်းဆီးထားပြီး နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် နတ်မောက်မြို့နယ် ကျောက်အိုးရွာနှင့် အောင်ချမ်းသာရွာ အကြားတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ကျောက်အိုးရွာကို ဝင်ရောက် စီးနင်းပြီး ကျေးရွာနေ ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးကာ နေအိမ် ၆ လုံးကို ညပိုင်း၌ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ကျောက်အိုးရွာကို စစ်ခွေးတွေ မီးဝင်ရှို့တာ အခုလက်ရှိ နေအိမ် ၆ လုံးကျော် မီးလောင်ထားပြီး လူငယ်တွေ ပြေးနိုင်တဲ့သူတွေက ပြေးပြီး သက်ကြီးရွယ်အိုတွေ မပြေးနိုင်တဲ့သူတွေ စာသင်ကျောင်းဆောင်ထဲမှာ ဖမ်းဆီးထားတယ်လို့သိရတယ်။ ရွာထဲကို ဆက်သွယ်လို့ မရတော့ မီးရှို့ခံရတဲ့ နေအိမ်နဲ့ ဖမ်းဆီးခံရတဲ့သူ အတိကျ မသိရပေမယ့် အနည်းဆုံးတော့ ပြည်သူ ၃၀ ကျော်ဖမ်းခံထားရတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ကျောက်အိုးရွာ စာသင်ကျောင်း၌ တပ်စွဲထားပြီး ရွာအဝင်လမ်းများကိုလည်း ပိတ်ဆို့ထားကြောင်း သိရသည်။

Photo – ဇူလိုင်လ ၈ ရက်နေ့ ညပိုင်း၌ အကြမ်းဖက် စစ်တပ် မီးရှို့နေသော ကျောက်အိုးရွာကို အဝေးမှ တွေ့မြင်ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article