25 C
Yangon

UOB ဘဏ်မှ MAI လေကြောင်းလိုင်း၏ ဘဏ်စာရင်း၊ ဘဏ်အကောင့် ပိတ်သိမ်းခြင်းကို ကြိုဆိုကြောင်း မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစု ထုတ်ပြန်၊ ထပ်မံ ပိတ်ဆို့မှုများ ဖြစ်ပေါ်လာမည်ဟု ပြောဆို

Must read

UOB ဘဏ်မှ MAI လေကြောင်းလိုင်း၏ ဘဏ်စာရင်း၊ ဘဏ်အကောင့် ပိတ်သိမ်းခြင်းကို ကြိုဆိုကြောင်း မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစု ထုတ်ပြန်၊ ထပ်မံ ပိတ်ဆို့မှုများ ဖြစ်ပေါ်လာမည်ဟု ပြောဆို

ရန်ကုန်၊ ဇူလိုင် ၁၀

စင်ကာပူနိုင်ငံအခြေစိုက် United Oversea Bank-UOB ဘဏ်မှ အကြမ်းဖက် စစ်တပ်နှင့် မိတ်ဖက်ဖြစ်သည့် Myanmar Airways International – MAI လေကြောင်းလိုင်း၏ နိုင်ငံခြား ဘဏ်စာရင်း၊ဘဏ်အကောင့်များကို ပိတ်သိမ်းခြင်းကို ထောက်ခံကြိုဆိုကြောင်း မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစုက ယနေ့ ဇူလိုင် ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

UOB ဘဏ်အနေသည် MAI လေကြောင်းလိုင်း၏ UOB ဘဏ်အသုံးပြု ငွေပေးချေမှုများကို ဇူလိုင် ၃၁ ရက်နေ့မှ စတင်၍ ဆောင်ရွက်ခွင့် မပြု​တော့ဘဲ ဘဏ်စာရင်းများ အားလုံးကိုလည်း ဩဂုတ်လ ၁၅ ရက်နေ့တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း၊ ယင်းသို့ လုပ်ဆောင်ခြင်းသည် သယ်ယူ ပို့ဆောင်ရေး/ ခရီးသွားကဏ္ဍမှ တဆင့် အကြမ်းဖက် စစ်အုပ်စုရရှိနေသော နိုင်ငံခြားငွေပမာဏ အများအပြားကို ရပ်တန့်ခြင်း သည် ပုံပေါ်လာပြီ ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် ပြည်သူများကို နေ့စဉ်နှင့်အမျှ နည်းမျိုးစုံဖြင့် မတရားညှင်းပန်းနှိပ်စက် သတ်ဖြတ်ရန်အတွက် အဓိကအားဖြင့် နိုင်ငံခြားငွေကြေးစီးဆင်းမှုကို အသုံးပြု၍ စစ်လက်နက်ပစ္စည်းများ၊ စစ်ထောက်ပံ့ရေး ပစ္စည်းများ၊ လောင်စာဆီများကို ဝယ်ယူနေခြင်း ဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်နှင့် ပတ်သက်၍ ပိတ်ဆို့မှုများ ထပ်မံ၍ ဖြစ်ပေါ်လာမည်ဖြစ်​ကြောင်း သိရသည်။

“အခု ကျွန်တော်တို့ကတော့ ကြိုဆိုလိုက်တယ်။ ပြည်သူကိုလည်း တင်ပြချင်တာက ဒီပိတ်ဆို့မှုတွေက ထပ်လာမှာပါ။ ဒါကြောင့်မိုလို့ ပြည်သူအားလုံးပြင်ထားပါ။ ကျွန်တော်တို့ ပိတ်ဆို့နေရတဲ့အကြောင်းကလည်း မင်းအောင်လှိုင်တို့ ဗုံးကျဲနေတဲ့ ဗုံးတွေ ဝယ်လို့မရအောင်၊ ဗုံးကျဲနေတဲ့ လေယာဉ်ပျံတွေ ၊ ဆီတွေ ဝယ်လို့မရအောင် ကျွန်တော်တို့က တောင်းဆိုတာ ဖြစ်ပါတယ်။ ဒီတောင်းဆိုချက်ကို လွန်ခဲ့သော ၂ နှစ်ကနေ အစဉ်တစိုက်တောင်းဆိုခဲ့တာ အခု ပုံသဏ္ဍာန်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့သည် ပြည်သူ သက်သာအောင်လုပ်ခြင်းဖြစ်တယ်။ အခိုက်အတန့်အားဖြင့်တော့ အခက်အခဲဖြစ်မယ်။ သို့သော် မင်းအောင်လှိုင်ရဲ့ ဝင်ငွေဖြတ်တောက်ဖို့ လုပ်ငန်းလုပ်တာဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ ဒါဟာ အစပဲ ဖြစ်ပါတယ်ဆိုတဲ့အကြောင်း ထပ်မံဖြည့်စွက်ချင်ပါတယ်” ဟု မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

အကြမ်းဖက်စစ်တပ်၏ နိုင်ငံခြားငွေကြေး စီးဆင်းမှုများကို အရေးယူဆောင်ရွက်ရန် အတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အမေရိကန်နိုင်ငံအစိုးရမှ အုပ်ချုပ်ရေးအမိန့် ၁၄၀၁၄ (Executive order 14014) ကို ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံဗဟိုဘဏ်နှင့် အမေရိကန်နိုင်ငံတွင် အကြမ်းဖက် စစ်အုပ်စုမှ စုဆောင်းထားသည့် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို ပိတ်ဆို့ထားခြင်း၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့တွင် နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေး အဖွဲ့ Financial Action Task Force – FATF မှ Black List သွင်းထားခြင်း၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် အမေရိကန်နိုင်ငံအစိုးရမှ ထပ်မံ၍ အုပ်ချုပ်ရေးအမိန့် ၁၄၀၁၄ (Executive order 14014) ကိုရည်ညွှန်း၍ အကြမ်းဖက်စစ်အုပ်စုပိုင် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် နယ်နိမိတ်ထိစပ် (Track 1.5 countries) အိမ်နီးချင်းနိုင်ငံများအပါအဝင် အခြားသောနိုင်ငံများအနေနှင့် မြန်မာပြည်သူများကို နည်းမျိုးစုံဖြင့် မတရားညှင်းပန်းနှိပ်စက်သတ်ဖြတ်နေသော အကြမ်းဖက်စစ်တပ်၏ ဘဏ်အကောင့်များဖွင့်လှစ်ခြင်း၊ ငွေကြေးစီးဆင်းမှုများကို ခွင့်မပြုကြရန်၊ စစ်တပ်ကို ပူးပေါင်းဆောင်ရွက်ခြင်းများပြုလုပ်ပါက (Secondary Sanctions) တပ်ဆင့်ခံ အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်ခံရမည် ဖြစ်ပါကြောင်း မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစုက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article