လားရှိုးမြို့မစျေး ဇွဲထက်ရွှေဆိုင်တွင် ဗုံးပေါက်ကွဲပြီး ရွှေဆိုင်ဝန်ထမ်းတချို့ ထိခိုက်
ရန်ကုန်၊ ဇူလိုင် ၁၅
ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ မြို့မစျေးရှိ ဇွဲထက်ရွှေဆိုင်တွင် ယနေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲပြီး ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး ဇွဲထက်ရွှေဆိုင်ရှေ့တွင် ဗုံးပေါက်ကွဲသည့်အတွက် ရွှေဆိုင်ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။
“ပေါက်ကွဲသံကတော့ တစ်ချက်ပဲ အကျယ်ကြီးကြားလိုက်တယ်။ စျေးက နည်းနည်းစောတော့ ဆိုင်တွေက စဖွင့်ဖို့ ပြင်နေတဲ့အချိန် လူတော့ အရမ်းမများသေးဘူး။ ထိခိုက်ဒဏ်ရာရသူတွေ ရှိတာ ရွှေဆိုင်ဝန်ထမ်းတွေလို့ ပြောတယ်” ဟု လားရှိုးမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- နေမျိုးဖေ့ဘုတ်စ်


