26 C
Yangon

ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး၊ စစ်တပ်က ပြည်သူ ၃ ဦးကို ပစ်သတ်သွား

Must read

ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး၊ စစ်တပ်က ပြည်သူ ၃ ဦးကို ပစ်သတ်သွား

ရန်ကုန်၊ ဇူလိုင် ၁၈

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးကာ အကြမ်းဖက် စစ်တပ်က ပြည်သူ ၃ ဦးကို ပစ်သတ်သွားကြောင်း Pa O People’s Defence Force – Kham Dom တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၁၆ ရက် နံနက် ၈ နာရီခန့်မှ ၉ နာရီခန့်အထိ အင်အား ၁၅၀ ခန့်ဖြင့် ကျိုက်ထိုမြို့နယ်၊ ဇီးကုန်း ကျေးရွာဘက်သို့ နယ်မြေကျူးကျော်လာသော အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ၁၁ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်က ပြည်သူ ၃ ဦးကို ပစ်သတ်သွားပြီး ပြည်သူပိုင်မော်တော်ယာဉ် ကားတစ်စီးကိုလည်း အကြမ်းဖက်စစ်သားများမှ မီးရှို့ ဖျက်ဆီးသွားကြောင်း သိရသည်။

“စစ်ခွေးတွေက ကျိုက်ထိုကနေ ၁၅ ရက်နေ့က တက်လာတာ၊ ၁၆ ရက်မနက် ၇ နာရီလောက်ကနေ ၉ နာရီလောက်အထိ တိုက်ပွဲဖြစ်တာပါ၊ အရပ်သားပြည်သူ ၃ ဦးကို စစ်ခွေးတွေက ရမ်းသမ်းပစ်ခတ်သတ် ဖြတ်သွားတာ၊ ရွာထဲကို ဝင်ပြီးတော့ ပစ်သတ်သွားတာပါ၊ တခြားရွာသား ၂ ဦးကတော့ တိုက်ပွဲဖြစ်တဲ့ ဘက်ကို သွားမိတယ်ထင်ပါတယ်၊ ပြီးတော့ ကားကလည်း တံတားဘက်ကို ရောက်လာတာဗျ၊ အဲဒါကို စစ်ခွေးတွေက RPG နဲ့ ထုလိုက်တာပါ“ ဟု Pa O People’s Defence Force – Kham Dom တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို KNLA၊ သူရိယစစ်ကြောင်းဒရုန်းအဖွဲ့၊ TPDF၊ KRF၊ PPDF-KD၊ ကျိုက်ထို(ပကဖ)၊ ဘီးလင်း(ပကဖ) တပ်ဖွဲ့တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အ ထိအခိုက်မရှိအောင်မြင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article