ကလေးခရိုင် အမှတ် ၆ တပ်ရင်းက အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားပြုလုပ်
ရန်ကုန်၊ ဇူလိုင် ၁၉
ကလေးခရိုင်အမှတ် ၆ တပ်ရင်းက ၇၆ ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် ကျဆုံးလေပြီးသော သူရဲကောင်းများအပါအဝင် ကလေးခရိုင်အမှတ် ၆ တပ်ရင်းမှ တော်လှန်ရေး အတွက် အသက်ပေးသွားသော သူရဲကောင်းများအားလုံးကို အလေးပြုခဲ့ကြောင်း သိရသည်။


