ကနီမြို့နယ်တွင် အာဇာနည်နေ့ အခမ်းအနားနှင့် ဟောပြောပွဲ ပြုလုပ်
ရန်ကုန်၊ ဇူလိုင် ၁၉
ကနီမြို့နယ်တွင် ၇၆ ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားနှင့် ဟောပြောပွဲ ပြုလုပ်ကို ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ကျေးလက်သူပုန် သပိတ်စစ်ကြောင်း၊ Burma Liberation Force ၏ ဆေးတပ်ဖွဲ့ ၊ မုံရွာခရိုင် တပ်ရင်း ၇ မှ ရဲဘော်များ ပူးပေါင်းကာ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်း သီချင်းကိုကျောင်းသား၊ ကျောင်းသူများမှ အခမ်းအနား အဖွင့်သီချင်းအဖြစ် သီဆို ဖွင့်လှစ်ခဲ့ကြပြီး ကြားကာလပညာသင်ကြားအရေးအတွင်းမှ ကျောင်းသား၊ ကျောင်းသူများ ၊ Volunteer ဆရာ၊ ဆရာမများ၊ CDM ဆရာ၊ ဆရာမများနှင့် ကျေးလက်သူပုန် သပိတ် ကော်မတီဝင်တစ်ဦးတို့မှ အသီးသီး ဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။