30 C
Yangon

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF က အာဇာနည်နေ့ အခမ်းအနား ပြုလုပ်

Must read

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF က အာဇာနည်နေ့ အခမ်းအနား ပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၁၉

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF က ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် အာဇာနည်နေ့ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၊ လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-LLPDF မှ ကျဆုံးရဲဘော် ၈ ဦးအပါအဝင် နွေဦးတော်လှန်ရေးတွင်ကျဆုံးသွားခဲ့သော အာဇာနည်သူရဲကောင်းများကို အလေးပြုခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များ ၊ DDT-တပ်ခွဲ(၃) (ထားဝယ်-ပကဖ) ရဲဘော်များနှင့် ပြည်သူလူထုတို့ တက်ရောက်၍ အလေးပြု ပန်းခွေချခြင်း ၊ လောင်းလုံးမြို့နယ်နိုင်ငံရေး ဦးဆောင်အဖွဲ့တို့မှ ပေးပို့သော သဝဏ်လွှာကို တက်ရောက် ရွတ်ဖတ်ခြင်း တို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article