28 C
Yangon

မြောင်၊ ကျောက်ရစ်ရဲစခန်းနှင့် ဂန့်ဂေါ၊ တောင်ခင်ရန်းနယ်မြေ ရဲစခန်းတို့ကို ရှော့တိုက်ဒုံး၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

မြောင်၊ ကျောက်ရစ်ရဲစခန်းနှင့် ဂန့်ဂေါ၊ တောင်ခင်ရန်းနယ်မြေ ရဲစခန်းတို့ကို ရှော့တိုက်ဒုံး၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၂၀

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Bagan Ogre Force PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇူလိုင်လ ၁၉ ရက် နံနက် ၉ နာရီခန့်က အဆိုပါကျောက်ရစ်ရဲစခန်းအနီးသို့ ချဉ်းကပ်ပြီး ရှော့ တိုက် ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်လုံးစလုံး စခန်းအတွင်းကျရောက်ပေါက်ကွဲပြီး ထိခိုက် ပျက်စီးမှုရှိ နိုင်ကြောင်း၊ ရဲစခန်းအတွင်းရှိအကြမ်းဖက်စစ်သား၊ ရဲများမှ ကျောက်ရစ်ရွာအနောက် ဘက် အထိလိုက်လံ ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

“ထိခိုက်မှုကတော့ ရှိနိုင်ပါတယ်၊ စခန်းနားအထိကပ်ပြီးပစ်ခဲ့တာ၊ စခန်းအပေါ်မှာက ပိုက်အစိမ်းတွေကာ ထားတော့ ထိခိုက်ပျက်စီးမှုက မသိရဘူး၊ ကျောက်ရစ်စခန်းမှာရှိတဲ့ခွေးတွေက ထိခိုက်မှုမရှိရင်လိုက်မ ပစ်ဘူး၊ အခုက ထိခိုက်မှုရှိလို့ လိုက်ပစ်တာ၊ “ ဟု Bagan Ogre Force PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Bagan Orge Force PDF ၊ RBDF ၊ MGN 9 Star တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းနယ်မြေရဲစခန်းကို လက်နက်ကြီး၊ လက်နက် ငယ်များ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ဇူလိုင်လ ၁၈ ရက်ည ၈ နာရီ ၁၈ မိနစ်ခန့်မှ ၈ နာရီ ၃၈ မိနစ်အထိ အဆိုပါနယ်မြေရဲစခန်းကို ပြည်သူ့ ကာကွယ်ရေးတပ်မတော် ဂန့်ဂေါခရိုင်တပ်ရင်း ၁ ၊ တပ်ရင်း ၁၂ ၊ တပ်ရင်း ၁၄ တို့ဝင်ရောက်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်မှ ၄၀ မမ ၃ လုံး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ် ခတ် တိုက်ခိုက်ခဲ့သည့်အပြင် မြောက်ခင်ရန်းပျူစောထီးရွာမှ ၁၂၀ မမ လက်နက်ကြီး ၃ လုံးကို တောင် ခင် ရမ်းကျေးရွာအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article