ရေစကြိုမြို့နယ်၊ ဟင်္သာရွာမ၌ တပ်စွဲထားသော စစ်တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု အရာရှိ ၂ ဦးအပါအဝင် ၁၁ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၂၀
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဟင်္သာရွာမ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အရာရှိ ၂ ဦးအပါအဝင် ၁၁ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger တပ်ဖွဲ့ခေါင်း ဆောင်ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇူလိုင်လ ၁၉ ရက် နံနက် ၅ နာရီခန့်က စတင်ပြီး ရေစကြိုမြို့နယ်၊ ဟင်္သာရွာမရှိ အကြမ်းဖက် စစ်တပ် စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်း ဖက်တပ်မှ စစ်ဗိုလ်နေထိုင်ရာ အဆောက်အအုံကို RPG ဖြင့် ပစ်ခတ်ဖြိုခွင်းနိုင်ခဲ့ကြောင်း၊ စခန်း အပြင် ဘက် ဘန်ကာအတွင်းရှိ အကြမ်းဖက်စစ်သားများကို ဆက်လက်တိုက်ခိုက်ချေမှုန်းခဲ့သော်လည်း ၎င်း ဘန်ကာကို ဖြိုခွင်းမည့် RPG လက်နက်မှာ ပြောင်းကွဲသွားသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
“ဗိုလ်လို့ပဲ သိရတယ်၊ ဘယ်အဆင့်လဲဆိုတာ မသိရဘူး၊ သေတာက ဗိုလ် ၂ ဦးအပါအဝင် ၁၁ ဦးသေ တယ်လို့ သိရတယ်၊ လောလောဆယ်တော့ အဲဒီရွာမှာ မနေရဲ တော့လို့ အခြားစခန်းကို ပေါင်းပြီးရွှေ့ တော ့မယ်လို့ ဖရဲသီး သတင်း ရထားပါတယ်။ ဒဏ်ရာရတာတွေလည်းများတယ်လို့ နယ်မြေခံတွေက ပြောတယ်” ဟု Myingyan Black Tiger တပ်ဖွဲ့ခေါင်း ဆောင်ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း Myingyan Black Tiger တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင် ခဲ့ပြီး စခန်းသိမ်းနိုင်ရန် ကြိုးစားခဲ့သော်လည်း RPG လက်နက်ကြီးပြောင်းကွဲသွားကာ ဘန်ကာဖြိုးခွင်း နိုင်မှုမရှိခဲ့သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
