30 C
Yangon

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် Burmese American Institute မှ ကျောင်းသားများ လာရောက်တွေ့ဆုံ

Must read

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် Burmese American Institute မှ ကျောင်းသားများ လာရောက်တွေ့ဆုံ

ရန်ကုန်၊ ဇူလိုင် ၂၂

အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် Burmese American Community Institute မှ Executive Director – Mr Elaisa Vahnie ဦးဆောင်သော Upward College Summer Scholar Program မှ Burmese -American ကျောင်းသား ၄၀ ကျော်နှင့် အဖွဲ့က ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို နယူးယောက်မြို့ရှိ ၎င်း​၏ရုံးခန်းတွင် လာရောက်တွေ့ဆုံဆွေးနွေးကြသည်။

တွေ့ဆုံပွဲတွင် သံအမတ်ကြီးမှ မိတ်ဆက်စကားနှင့် ကုလသမဂ္ဂ ဆိုင်ရာ ကိစ္စရပ်များကိုရှင်းလင်းပြောကြားပြီး မြန်မာ့နွေဦးတော်လှန်ရေးနှင်ပတ်သက်ပြီး ကျောင်းသားများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

သံအမတ်ကြီးက ယခုလာရောက်တွေ့ဆုံသော ကျောင်းသားများသည် Burmese American Community အတွက် အနာဂတ်ပင်ဖြစ်ကျောင်း မြန်မာ့နွေဦးတော်လှန်ရေး၊ ပြန်လည်ထူထောင်ရေးတို့တွင် မိမိတို့တတ်နိုင်သည့်ဘက်မှ ပြန်လည်ကူညီပေးကြစေလိုကြောင်း အမှာစကားပါးပြောကြားသည်။

Executive Director – Mr Elaisa Vahnie မှ မြန်မာ့နွေဦးတော်လှန်ရေးသံတမန်ရေးရာ ကိစ္စရပ်များတွင် သံအမတ်ကြီး​၏အခန်းကဏ္ဍသည် အင်မတန်အရေးကြီးကြောင်း ကုလသမဂ္ဂတွင် သံအမတ်ကြီးဆက်လက်တည်ရှိရေးအတွက်လည်း Burmese American Community Institute မှ အစွမ်းကုန်ကြိုးစားကူညီမည်ဟု ကတိပေးကြောင်း ဆွေးနွေးပြောကြားသည်။

လာရောက်တွေ့ဆုံသော အဖွဲ့တွင် Burmese American Community Institute မှ Executive Director – Mr Elaisa Vahnie , Program Supporter- Dr Bawi Mang Lian, Program Director – Lian Sang, MP – U Zaw Thein, Program Coordinator: Va Chha နှင့် Upward College Summer Scholar Program မှ ကျောင်းသားများပါဝင်ကြသည်။

သတင်းဓါတ်ပုံ- KyawSoe Latt

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article