33 C
Yangon

မြိုင်မြို့နယ်၊ ကန်ကလေးရွာရှိ ပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးသွားသည့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

Must read

မြိုင်မြို့နယ်၊ ကန်ကလေးရွာရှိ ပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးသွားသည့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

ရန်ကုန် ၊ ဇူလိုင် ၂၂

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်ကလေးရွာရှိ ပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးသွားသည့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

ဇူလိုင် ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် မြိုင်မြို့နယ် ကန်ကလေးကျေးရွာကို ဝင်ရောက်၍ ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးသွားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မြိုင် ပကဖက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်သား ၁ ဦး သေဆုံးကာ ၃ ဦး အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိသွားခဲ့ကြောင်းသိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သရက်ကန် ပျူစောထီး စခန်းသို့ ရိက္ခာပို့ပြီးနောက် ကန်ကလေးရွာကို ဝင်ရောက်၍ ပြည်သူပိုင်ပစ္စည်များကို ဖျက်ဆီးသွားခြင်းဖြစ်ပြီး သရက်ကန်ကျေးရွာမှ တွင်းမပျူစောထီး စခန်းသို့အပြန် လမ်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ထံမှ ကျည်ဖူး ၁ ဖူးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ယင်း တိုက်ခိုက်မှုကို မြိုင် ပကဖ ၏ တပ်ရင်း ၁ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ ၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ (မြိုင်)နှင့် KMDF တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article