33.8 C
Yangon

ရွှေဘိုတွင် အိမ်စီးကားဖြင့် ကင်းပတ်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ သရက်ချောင်းရှိ ရငဲရွာ၌ တပ်စွဲထားသော စစ်သားများကို RPG ဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရန်ကုန်၊ ဇူလိုင် ၃၀

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အိမ်စီးကားဖြင့် ကင်းပတ်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း နယ်စည်းမခြား ရွှေဘိုသားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် ရွှေဘို မြို့ရှောင်လမ်း၌ အိမ်စီးကားငယ် ၂ စီးဖြင့် ကင်းပတ်လာသော စစ်သားများကို ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို နယ်စည်းမခြားရွှေဘိုသား အဖွဲ့မှဦးဆောင်ပြီး မဟာမိတ်အဖွဲ့များဖြစ်သည့် ရွှေဘိုသခင်ကြီး၊ShweBo DHUPLA၊ ရွှေဘိုအားမန်၊ နောင်ရိုးအာမီ တပ်ခွဲ ၁ အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နယ်စည်းမခြား ရွှေဘိုသား အဖွဲ့က ဘီးလူးညီနောင်မြို့ပြစစ်ဆင်ရေးကို ဖော်ဆောင်သွားမည်ဖြစ်ပြီး အရေးပေါ်လိုအပ်နေသည့် AK 47 သေနတ် ၂ လက်အတွက် ကမ်ပိန်းကို ပြည်သူများ ပါဝင်ပေးကြရန် ထုတ်ပြန်ထားသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာရှိ ပြည်သူပိုင် နေအိမ်များ၌ ထမင်းချက်နေသော စစ်သားများကို PDF ရဲဘော်များက RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မြွေတောင်ပေါ်၌ တပ်စွဲထားသော စစ်သားများ ရငဲရွာထဲဆင်းလာပြီး ပြည်သူပိုင် နေအိမ်များကို မွှေနှောက်ကာ ထမင်းချက်စားနေစဥ် PDF ရဲဘော်များက RPG ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးဘဲ ရငဲရွာ၌ အကြမ်းဖက် စစ်တပ် တပ်စွဲထားသည်မှာ ၂ လကျော်ကြာပြီဖြစ်ကာ ကျေးရွာနေ ပြည်သူများလည်း လက်ရှိချိန်ထိ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article