33.6 C
Yangon

မူဆယ်မြို့နယ်တွင် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွား

Must read

မူဆယ်မြို့နယ်တွင် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွား

ရန်ကုန်၊ ဇူလိုင် ၃၀

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် TNLA တပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း TNLA တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဇူလိုင်လ၂၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာကို အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၁ တပ်ရင်းနှင့် နမ့်ခမ်းမြို့မ ပြည်သူ့စစ် ပူးပေါင်းတပ်က အင်အား ၁၀၀ ကျော်ဖြင့် TNLA တပ်ဖွဲ့ရှိရာ နမ့်ကတ်ကျေးရွာဘက်ကို ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားရာ နေရာကို အကြမ်းဖက် စစ်တပ်၏ မူဆယ် ၁၀၅ မိုင်နှင့် နမ့်ဖက်ကာ တပ်စခန်းကုန်းမှ နမ့်ကတ်ကျေးရွာဘက်ကို လက်နက်ကြီးများဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဇူလိုင်လ ၂၃ ရက်နေ့တွင် စယ်လန့်ကျေးရွာအနီး အကြမ်းဖက် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကာ အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့​ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article