ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ ကျေးမွေးလှူဒါန်း
ရန်ကုန်၊ ဇူလိုင် ၃၁
ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က အစားအသောက်များ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ကျန်ရှိနေသော စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်းနှင့် ထမင်းကျွေးရန် အရေးပေါ်ဆောင်ရွက်လျက်ရှိပြီး အလှူရှင်များ အနေဖြင့် တတ်နိုင်သည့်ဘက်မှ ပါဝင်ပေးကြပါရန် S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က တိုက်တွန်းနှိုးဆော်ထားသည်။