32 C
Yangon

ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာ ၄ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာ ၄ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဇူလိုင် ၃၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာ ၄ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်အေဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၉ ရက်နေ့ ညပိုင်းက စတင်ကာ ရွှေဘိုမြို့မှ လာသည့် အကြမ်းဖက် စစ်တပ်က ဆိပ်ခွန်ကျေးရွာ အနီးတစ်ဝိုက်ကို စစ်ကြောင်းထိုးပြီး ဆိပ်ခွန်နယ်မြေ ရဲစခန်း၌ တပ်စွဲပြီး အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိချိန်တွင် ဆိပ်ခွန်၊ ဘိုတည်းကုန်း၊ ကျောက်မြင့်၊ ဒင်တဲ စသသည့် ကျေးရွာများမှ ပြည်သူ ၃၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးနေရပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းက လက်ရှိချိန်ထိ ဆိပ်ခွန်ရွာ ရဲစခန်းမှနေ၍ လက်နက်ကြီးများဖြင့် ပြည်သူများ နေထိုင်သည့် ကျေးရွာများကို ပစ်ခတ်လျက်ရှိကြောင်း သိရှိရသည်။

” စစ်ခွေး စစ်ကြောင်းက ဆိပ်ခွန်နား တစ်ဝိုက်ထိုးနေတာ ၂၉ ရက်နေ့ ညပိုင်းတည်းက ပြည်သူတွေ ပြေးနေရတာ ပြည်သူတွေ အားလုံးတော့ ဘေးလွတ်ရာကို ရောက်နေပါပြီ လူဦးရေ ၃၀၀၀ ကျော်တယ်။ လက်နက်ကြီးနဲ့ဆိပ်ခွန်ကနေ ပတ်ထုနေတာ ဘေးရွာတွေကို” ဟု S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်အေဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article