ဖြူးမြို့နယ်၊ သစ်ဖြူဆိပ်ကျေးရွာ ချောင်းကူးတံတားကို စစ်တပ်က မိုင်းဖြင့် ဖောက်ခွဲ ဖျက်ဆီး
ရန်ကုန်၊ ဩဂုတ် ၄
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ သစ်ဖြူဆိပ်ကျေးရွာရှိ ချောင်းကူးတံတားကို စစ်တပ်က ယနေ့ နံနက် ၂ နာရီဝန်းကျင်အချိန် မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၃ ရက်နေ့ ညနေ ၆ နာရီအချိန် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ သစ်ဖြူဆိပ် ကျေးရွာအနီးသို့ စစ်တပ်က လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းနောက် ယနေ့ ဩဂုတ်လ ၄ ရက်နေ့ နံနက် ၂ နာရီအချိန်တွင် သစ်ဖြူ ဆိပ်ကျေးရွာချောင်းကူးတံတားကို မိုင်းခွဲဖျက်ဆီးသွားခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီ၏ လော်ဘီတယ်လီဂရမ်ချန်နယ်များတွင် PDF များက ချောင်းကူးတံတားကို ဖျက်ဆီးသည်ဟု လိမ်လည် ဝါဒဖြန့်လျက်ရှိကြောင်း သိရှိရသည်။
“မနေ့ ညနေ ၆ နာရီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး တက်လာတာက စစ်ခွေးတွေပါ။ ညကျတော့ တံတားကို ချိုးသွားတာပဲ။ အဲဒီတံတားက စစ်တပ် တပ်ရင်းတွေဆီကို သွားတဲ့လမ်းကြောင်းပေါ်မှာရှိနေတယ်” ဟု ဒေသပြည် သူတစ်ဦးက ဆိုသည်။
စစ်တပ်က ဖျက်ဆီးလိုက်သည့် သစ်ဖြူဆိပ်ကျေးရွာ ချောင်းကူးတံတားသည် အရှည် ၁၆၀ ရှိသော သံကူကွန်ကရစ် တံတားဖြစ်ကြောင်း၊ အကြမ်းဖက်စစ် တပ်က ယခုနောက်ပိုင်း တပ်ရင်းတပ်ဖွဲ့များထံသို့ ရောက်ရှိနိုင်သော လမ်း ကြောင်း များကို ဖြတ်တောက်ခြင်း၊ တံတားများကို ချိုးခြင်းများ လုပ်ဆောင် လာကြောင်း သိရှိရသည်