မြောင်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ဆန်၊ ဆီနှင့် စားသောက်ကုန် ပစ္စည်းများ လှူဒါန်း
ရန်ကုန်၊ သြဂုတ် ၆
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို ယနေ့ သြဂုတ်လ ၆ ရက်နေ့တွင် ကမ်းလက်လေးများအဖွဲ့က CDM ဆေးဆရာဝန်များဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ဆန်၊ ဆီ၊ အချိုမှုန့်၊ အသားတု၊ ဆားနှင့် လက်ဖက်တို့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။