24 C
Yangon

အာရှလမ်းမကြီး ရင်ခွဲတောင်အနီးတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်းပြိုကျ

Must read

အာရှလမ်းမကြီး ရင်ခွဲတောင်အနီးတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်းပြိုကျ

ရန်ကုန်၊ ဩဂုတ် ၇

ကရင်ပြည်နယ်၊ အာရှလမ်းမကြီး ကော့ကရိတ်နှင့်မြ၀တီလမ်းပိုင်း ရင်ခွဲတောင်၊ တောနော်ရေတံခွန်အနီးတွင် မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်း ပြိုကျပျက်စီးသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“ကော့ကရိတ်-မြဝတီ ရင်ခွဲတောင်အကျော်နားမှာ လမ်းက အချက်လိုက် ပြိုကျသွားတယ်။ တောင်ကျ ချောင်းရေကြောင့်ပြိုတာ။ လမ်းပန်းဆက်သွယ်ရေးက လုံး၀ ပြတ်တောက်သွားပြီ။ မြ၀တီမြို့ အဝင် မြေနီကုန်းမှာလည်း ရေ တွေ အရမ်းကြီးနေတယ်။ ကားတွေ သွားလို့မရတော့ဘူး” ဟု မြ၀တီမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

အာရှလမ်းမကြီး၏ လမ်းပြိုကျပျက်စီးမှု အခြေအနေသည် ပြုပြင်ရန် ခက်ခဲပြီး လနှင့်ချီ၍ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားမည့် အခြေအနေဖြစ်သည်ဟု မြ၀တီမြို့ခံ ပြည်သူတချို့က သုံးသပ်ပြောဆိုသည်။

“အခုက လမ်းပိုင်းတွေက ရင်ခွဲတောင်နားတင်မဟုတ်ဘူး။ အခြားလမ်းပိုင်းတွေလည်း ပျက်တယ်ကြားတယ်။ အခြေအနေကတော့ အတော်ကို ဆိုးတယ်” ဟု ရန်ကုန်-မြ၀တီပြေးဆွဲနေသော ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article