ဘုတလင်မြို့နယ်တွင် ဗကသ ကျောင်းသားများက ရှစ်လေးလုံး အထိမ်းအမှတ်နေ့အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ သြဂုတ် ၈
ဘုတလင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် သတ်ဖြတ်မှုကြောင့် ဗကသ ရဲဘော်များ ကျဆုံးခဲ့သည့်နေရာနှင့် မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသော ဗကသ ရုံးတည်နေရာ၌ ဘုတလင်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ယနေ့ သြဂုတ်လ ၈ ရက်နေ့တွင် ရှစ်လေးလုံး အထိမ်းအမှတ်နေ့အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။